[57]

1.7K 356 11
                                    

[Unicode]

အခန်း(၅၇):ဘယ်ဟိုတယ်မှာလဲ နှင့် ကျွန်တော် လာရှာမယ်

"မင်း ဆုနိုကို သွား​ခေါ်မလို့လား?" ဒီသတင်းကိုကြားတော့ မုချိုး အရမ်းအံ့သြသွားသည်။ ဘာလို့လဲဆိုတော့ မစ္စတာဒါရိုက်တာသည် ပုံမှန်အားဖြင့် အလွန်တည်ငြိမ်ပြီး စိတ်အေးအေးထားတတ်တဲ့သူ တစ်ယောက်ဖြစ်လို့ပါပဲ!သူ့မှာ ဂရုစိုက်စရာတစ်ခုခုရှိတိုင်း ဘာလုပ်ရမယ်ကို မဆုံးဖြတ်ခင် သူ သေချာစဉ်းစားလိမ့်မယ်။

သို့သော် သူသည် ဆုနိုထံမှ ဖုန်းခေါ်ဆိုမှုတစ်ခုကြောင့်ကုမ္ပဏီ၏အလုပ်​​တွေကို ချန်ရစ်ခဲ့ပြီး တခြားတစ်ဖက်နိုင်ငံကို သွားဖို့လုပ်နေကာ ကုမ္ပဏီကိုပင် ဘာမှမပြောခဲ့ပေ။
ဒါ တကယ့်ကို လက်လွတ်စပယ်နိုင်တာပဲ!

"ငါ သူ့ကိုတကယ်ကြိုက်တယ်" အိုးရန်လုံ သူ့အိတ်တွေကို ထုပ်ပိုးနေစဉ် ပြောလိုက်သည်။

“.....မင်းအခု အသက်ဆယ့်ရှစ်နှစ်လို လုပ်​နေတာပဲ!”
မုချိုး သက်ပြင်းချလိုက်သည်။

"မင်း ကျုံးလီဖုန်းပိုင်ကို လိုက်နေတဲ့အချိန်တုန်းကလည်း မင်းက ရှစ်နှစ်သားလိုဘဲ!" အိုးရန်လုံ ပတ်ခနဲ ပြန်ပြောလိုက်သည်။

"မင်းရဲ့ ရိုးသားမှုကြီးကို ငါချီးကျူးပါတယ်!" မုချိုး ဒေါသတကြီးပြန်ပြောလိုက်သည်။

ငါတို့က ဒီမှာအိုင်ကျူအကြောင်းပြောနေတာမဟုတ်ဘူး။ မင်း ထပ်ပြီး ရန်ဖြစ်ချင်လို့လား!
အဖြေက​တော့ မဖြစ်ချင်တာသိသာပါတယ်!
မစ္စတာဒါရိုက်တာသည် မုချိုးနဲ့ စကားပြောဖို့တောင်စိတ်မကူးတော့ဘဲ အထုပ်အပိုးတွေကို တံခါးကနေ ဆွဲထုတ်သွားလိုက်သည်။

လေပြင်းကြောင့် ယိမ်းခါသွားသည့်အနက်ရောင်ကုတ်အင်္ကျီကို ဝတ်ထားသည့် သူသည် တကယ်ကိုပင် ကြည့်လို့​ကောင်း​နေသည်။

ဥက္ကဌမု၏အလွန်အမင်းမကျေနပ်မှုကို လျစ်လျူရှုထားခဲ့သဖြင့် သူ မထွက်ခွာမီ အိုးရန်လုံ၏ဝိုင်ဗီရိုကိုဖွင့်ကာ ပုလင်းတစ်လုံး ယူခဲ့သည့်အပြင် ရေခဲသေတ္တာထဲက သစ်သီးတွေတောင် ယူသွားခဲ့သေးသည်။သူက စျေးပေါတဲ့ ပစ္စည်းတွေအ​ပေါ်မှာ​တောင် အခွင့်အရေးယူ​ရတာကို နှစ်သက်ပုံပင်။ထိုမြင်ကွင်းကို ကြည့်ဖို့​တောင် ခံနိုင်ရည်မရှိ​ပေ!

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now