9

13.7K 2.2K 190
                                    

{Unicode}

"မင်းပြန်ပေးဆပ်ရမှာကကိုယ်ပဲ(သုံး)"


နှင်းမှုန်နှင်းစက်များက တဖြေးဖြေးနှင့် ပို၍ပို၍ ထုထည်ကြီးမားလာသည်။

ရန်ကျားလိက အထီးကျန်စွာနှင့် ခုံတန်းရှည်ပေါ် တစ်ယောက်တည်း ထိုင်နေကာ ခြေကျင်းဝတ်ကို နှိပ်နယ်ပေးနေရင်း နာကျင်လာ၍ တစစ်စစ်နှင့် ညည်းညူနေသည်။

နှစ်ပေါင်းအနည်းငယ်လောက် ကြိုးစားရုန်းကန်ခဲ့ရတဲ့ အဖွဲ့လေးကတော့ မကြာခင် ဖျက်သိမ်းခံရတော့ပေမည်။ အလုပ်လက်မဲ့ ဖြစ်တော့မည့်အပြင် ပိုက်ဆံကလည်း မရှိတော့ပြီ။ ယဲ့ထင်ရဲ့အချစ်သစ်ကလေး စိတ်ပျော်ရွှင်စေဖို့အတွက် အတင်းအကျပ် ခိုင်းစေခံရတဲ့အပြင် အကြွေးရှစ်သောင်းလောက်ကလဲ ပဟေဠိဆန်စွာ တင်သွားသေးသည်။

ရန်ကျားလိလည်း သက်ပြင်းချမိသည်။ နေ့ရက်တွေက ဖြတ်သန်းရင်း ဖြတ်သန်းရင်းနှင့် ပို၍ပို၍ ခက်ခဲလာသလိုပင်။

သူသည် မျက်လုံးပင့်ကာ ဖွေးဖွေးဖြူနေသော နှင်းမှုန်များနှင့် ပိန်းပိတ်အောင် အုံ့မိုင်းလာသော မြို့ကိုငေးကြည့်နေရင်း တိုက်လေနှင့်အတူ စိတ်များပျံ့လွှင့်သွားသည်။

သူကလေးဘဝတုန်းက နေ့တိုင်းအချိန်တိုင်း တက်ကြွနေလျက်ရှိပြီး ကျောင်းကနေဆို အမြဲခုန်ပေါက်ပြေးလွှားပြီး ပြန်လာတာကို မှတ်မိသေးသည်။ မေမေလုပ်ပေးသည့် ညစာကိုစားပြီးလျှင် အိပ်ရာပေါ်ခုန်တက်ကာ ခုနစ်နာရီမှာ ပြသမည့် Dreamworks မှကာတွန်းကားများကို မျှော်လင့်ချက်များ ပြည့်နှက်နေသော မျက်လုံးများဖြင့် စောင့်ဆိုင်းနေခဲ့ဖူးသည်။

မအိပ်ခင်ဆို သူက ဘွားဘွားကြိုပြင်ပေးထားသည့် အပူပေးစက် သေးသေးလေးကို ပွေ့ပိုက်ပြီး ခြံဝင်းထဲသို့ ယူလာတတ်သည်။ မေမေနှင့်ဘွားဘွားက သူ့ဘေးမှာထိုင်ကာ ပဲစေ့များကို အခွံခွာနေရင်း လူကြီးစကားများကို တိုးတိုး၊တိုးတိုးနှင့် ပြောနေကြသည်။ သူကတော့ ခေါင်းသေးသေးလေးကို မော့လိုက်ပြီး အိမ်က အညိုရောင်ခွေးလေးနှင့်အတူ ဆောင်းညလေးတစ်ညမှာ ကြယ်စင်တွေနှင့် ပြည့်နှက်နေတတ်သည့် ကောင်းကင်တစ်ခွင်ကို ကြည့်နေ တတ်ခဲ့သည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now