[58]

1.7K 370 20
                                    

[Unicode]

အခန်း(၅၈):သာယာ​နေသည့် ညီငယ်​​လေး နှင့် ဒေါသထွက်​နေ​သော အစ်ကိုကြီး


"မင်းအစ်ကိုကြီးကို တကယ်ကြောက်ရပုံပဲ" အိုးရန်လုံက အကူအညီမဲ့နေသည့် အရိပ်အယောင်ဖြင့် ပြောလိုက်သည်။

ကျွန်တော် သူ့ကိုမကြောက်ပါဘူး။ သူက ဒါရိုက်တာကြီးကို ရိုက်မှာကိုပဲ ကြောက်နေတာ​လေ။ အဲ့တာကို ဘာလို့နားမလည်နိုင်ရတာလဲ? ဆု​ရှောင်းနိုသည် သူ့စိတ်ထဲတွင် အော်ဟစ်လိုက်သည်။

" စိတ်မပူပါနဲ့" အိုးရန်လုံ သူ့ကိုပွေ့ဖက်လိုက်ပြီး
"အချိန်ရှာကြည့်ပြီး ကိုယ်ကို သူနဲ့စကားပြောခွင့်ပေး၊ ဟုတ်ပြီလား?"

"ဒါပေမယ့် ကျွန်တော့်အစ်ကိုကြီးက တော်တော်ရက်စက်တယ်​နော်။ လူငယ်စုံတွဲတွေ လမ်းခွဲလိုက်ပြီးပြီဆိုရင် အစ်ကိုကြီးက ဘယ်သူ့ကိုမဆိုအသက်ရှင်ခွင့်မပေးဘူး"ဆုနို၏စကားလုံးတွေက က​ပေါက်တိက​ပေါက်ချာ ထွက်လာပါ​တော့သည်။

အိုးရန်လုံ ခေါင်းညိမ့်လိုက်ပြီး ဆုနိုကို နမ်းလိုက်သည်။ "အဆင်​ပြေသွားပါလိမ့်မယ်"

ဘယ်လိုလုပ်ရင်ကောင်းမလဲ! ဒါ ဘယ်လိုမှ အဆင်ပြေနိုင်မှာမဟုတ်ဘူး! ဆုနိုသည် အလွန်စိတ်ပူနေရသော်လည်း ဘာပြောရမှန်းမသိသေးပေ။ လူတစ်​ယောက်က​တော့ ၎င်းအ​ရေးနှင့်ပတ်သက်ပြီး အလွန်ပင် ပူပန်​​နေရသည်။

"မင်းအစ်ကိုကြီးက ကိုယ့်ကိုတော့ သတ်မှာမဟုတ်ပါဘူးကွာ" အိုးရန်လုံ ဆုနိုကိုကြည့်ပြီး ငိုရမှာလားရယ်ရမှာလားတောင် မသိ​တော့ပေ။
"မင်းအစ်ကိုကြီးနဲ့ကိုယ်က အလုပ်နယ်ပယ်ချင်းမတူပေမယ့် အနည်းဆုံးတော့ ကိုယ်တို့က ဆက်စပ်နေတာပဲ​လေ။ ကိုယ်တို့ပြောဆိုနိုင်မယ့် အကြောင်းအရာအချို့တော့ ရှိပါလိမ့်မယ်"

ဆုနို အသက်ပြင်းပြင်းရှူလိုက်ပြီး "ဒါရိုက်တာကြီးက အစ်ကိုကြီးနဲ့ လုပ်ငန်းတူ ပူ​ပေါင်းလုပ်နေတာလား?"

ဒါ တကယ့်ကိုထိတ်လန့်စရာသတင်းပဲ!
သူ့ရဲ့ ခန့်ညားတဲ့လူကြီးက မြေအောက်အဖွဲ့အစည်းနဲ့ ပတ်သက်နေတာလား?shitt!!ဒါအမှန် မဖြစ်နိုင်ဘူး!

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now