[59]

1.6K 345 10
                                    

[Unicode]

အခန်း(၅၉):စကား​ပြောရ​အောင် နှင့် ဒေါသမထွက်လိုက်ပါနဲ့!


နေရောင်ခြည်သည် ထူထဲသည့်ကန့်လန့်ကာများကို ဖြတ်၍ လေထုကိုနွေးထွေးစေပြီး သာယာစေသည်။

ဆုနိုသည် စောင်အောက်တွင် ကွေးဆန့်သွားပြီး တကယ်ကိုပျော်ရွှင်ကျေနပ်နေမိသည်။သို့သော် သူ့ရဲ့ခါးက​တော့ အရမ်းကိုနာကျင်နေရပြီး ခန္ဓာကိုယ်သည်လည်း အလွန်ပင်ပန်းနွမ်းနယ်​​နေရသည်။

ဘယ်လောက်တောင် သေးသွယ်တဲ့လူသားလေးလဲ!

အိုးရန်လုံသည် သူ့ကိုနမ်းဖို့အနားကပ်လာပြီး မေးလိုက်သည်။ "မင်း ပင်ပန်းသွားပြီလား?"

“ အင်း.. ” ဆုနို အနည်းငယ်ရှက်သွားရသည်။

"ဒါဆို ခဏအိပ်လိုက်ဦး" အိုးရန်လုံသည် ဆုနိုအား စောင်ဖြင့် ဖုံးအုပ်ပေးလိုက်သည်။

“.....ကျွန်တော် နည်းနည်းဗိုက်ဆာနေပြီ” ဒီစကားသံက ယောက်ျားမဆန်သည့်ပုံ​ပေါက်​နေ​ပေမယ့်လည်း  ဒီပြသာနာက စိတ်ရှုပ်စရာ​ကောင်းတဲ့ ဒုက္ခတစ်မျိုးဖြစ်နေပြန်တယ်!!

ဆုနို၏ဝမ်းဗိုက်ထဲမှ အသံထွက်လာတော့သည်။ သူ နံနက်စာမစားဘဲ အိမ်က​နေ ပြေးထွက်လာပြီး​တော့ ခန္ဓာကိုယ်လေ့ကျင့်ခန်းလေးကိုလည်း အကြိမ်ကြိမ်လုပ်ခဲ့သေးသည်။ ဒါ​ကြောင့် ဆုနိုသည် အစားအသောက်တွေကို အမှန်တကယ်လိုအပ်နေပြီ!

ဒါ အရေးပေါ်ကိစ္စပဲ!!!

အိုးရန်လုံသည်လည်း သူ့အပြုံးပျောက်သွားသည်နှင့် delivery ကို ခေါ်လိုက်တော့သည်။ သူ ထမင်းလာပို့​ပေးဖို့ တောင်းဆိုခဲ့သည့်အပြင် ဆန်​ပျော့​ပျော့​လေး ဖြစ်​​အောင်လည်း မှာကြားခဲ့သည်။ အိုးရန်လုံက တအားကိုဂရုတစိုက်ရှိလှသည်။

"ကျွန်တော် ဒါရိုက်တာကြီးနဲ့ညစာ အတူမစားရ​လောက်ဘူး" ဆုနိုသည် အိုးရန်လုံ၏လက်နှင့်မျက်နှာလေးကို ပွတ်သပ်လိုက်​တော့ တစ်ဖက်သူက ရယ်လာသည်။
“အပြင်မှာ အရမ်းမမှောင်ခင် ကျွန်တော်အိမ်ပြန်ရမယ်။ ကျွန်တော်အစ်ကိုကြီးကို ဘာမှသံသယမ၀င်စေချင်ဘူး "
ဆုနို၏တင်ပါးလေးသည် စိတ်အ​နှောင့်အယှက်​ ဖြစ်ရ​လောက်သည်အထိ နာကျင်နေရသော်လည်း သူသည်ကား အိမ်မှာရှိ​နေသည့်ဧကရာဇ်ကြီးကို ရန်မစရဲ​ပေ။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now