[60]

1.9K 367 11
                                    

[Unicode]

အခန်း(၆၀):မတိုက်ခိုက်ကြနဲ့ နှင် ပြသာနာက ဘာလဲ?


ဆုနိုရဲ့ တစ်ဆုံး​တွေး စိတ်ကူးယဥ်မှုကြီးအ​ရ သူ့ရဲ့အစ်ကိုကြီးက 'ဒါရိုက်တာ အိုးရန်လုံ....ဒီ​နေ့ကစပြီး ငါ့ရဲ့ညီငယ်​​လေးက မင်းရဲ့ စောင့်​ရှောက်မှုလက်​အောက်ကို ရောက်သွားပြီ။ ကျေးဇူးပြုပြီး ငါ့ရဲ့ ညီငယ်​​လေးကို ကောင်း​ကောင်းစောင့်​ရှောက်​ပေးပါ။ ငါ့ရဲ့ညီငယ်​​လေးက အများကြီး စားတတ်တာမို့ မင်းဂရုစိုက်နိုင်မှာ သေချာရဲ့လား?' အစရှိသည့် ဒီလိုစကား​တွေဖြင့် မစ္စတာဒါရိုက်တာကြီးနဲ့ ရင်းရင်းနှီးနှီး စကားစမြည် ပြော​စေချင်သည်။နောက်ဆုံးမှာ မင်းသားနဲ့ မင်းသား သက်ဆုံးတိုင် ပျော်​ပျော်ရွှင်ရွှင်​နေထိုင်သွား​လေသတည်း​ပေါ့! ဒီလို ဇာတ်သိမ်းလေးက ချိမြိန်ပြီး မလှပဘူးလား။

သို့သော်လည်း လက်တွေ့ဘဝနှင့် နတ်သမီးပုံပြင်တွေသည် အမြဲတမ်း ဆန့်ကျင်ဘက်ပင်ဖြစ်သည်။ သူချစ်တဲ့ညီငယ်လေးကို လုယူသွားခဲ့တာ​ကြောင့် ဟန်ဝေသည် သူ့ကိုယ်သူမထိန်းနိုင်ဘဲ တွင်းတူးပြီး သူ့ကို သင်္ဂြိုလ်ပစ်လိုက်ချင်သည့်စိတ်သာရှိပြီး သူနှင့်စကားပင် မပြောချင်တော့ပေ။

“ အစ်ကိုကြီး.... ” သူ့အစ်ကိုကြီး၏အမူအယာက ပုံမှန်မဟုတ်သည်ကို သတိပြုမိလိုက်သည်မို့ ဆု​ရှောင်းနို၏နှလုံးသား​လေးသည် တုန်ခါသွားပြီး သူ့မျက်လုံး​တွေကို သုံးကာတောင်းပန်လိုက်သည်။

ဒါပေမယ့်ဟန်ဝေက အသည်းမာလျက်ပင်။ “ငါက ဆုနိုရဲ့ အစ်ကိုကြီးပဲ။ မင်းမသေချင်ရင် နှစ်ရက်အတွင်း အီတလီကနေ ထွက်သွား ”

Shhhittt!!!

ဆုနိုသည် မိုးကြိုးပစ်ခံရသကဲ့သို့ ချက်ချင်းခံစားလိုက်ရသည်။
အစ်ကိုကြီးက ဘာလို့ ဒီလောက်အကြင်နာမဲ့ရတာလဲ!အသွင်ကူးပြောင်းရေးကာလမှာတောင် ဒီလောက်
မ​လျော်ကန်မှာ မဟုတ်ဘူး!

".....ကျွန်တော်တို့ တွေ့ပြီးဆွေးနွေးလို့ရမလား?" အိုးရန်လုံသည် ခဏ​တော့ အံသြသင့်နေခဲ့ပြီး တစ်ဖက်သူက ဒီ​လောက် တည့်တိုးဆန်မည်လို့ မထင်ထားမိ​ပေ။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now