10

14.5K 2.2K 73
                                    

{Unicode}

"အကျိုးနှင့်အကြောင်း
သည်ဒွန့်တွဲလာသည်"

ရန်ကျားလိသည် ပျော်လွန်းလို့ ရူးတောင်သွားတော့မည်။

ကျဥ်းထဲကြပ်ထဲတွင် ယဲ့ထင်၏ ညှဥ်းပန်းနှိပ်စက်ခြင်းဒဏ်ကို ရက်ပေါင်းများစွာ ခံနေရ၍ သေမလိုဖြစ်နေချိန်မှာ ထင်မှတ်မထားသည့် ကံကြမ္မာအတုံ့အလှည့်ကြောင့် သူတပန်းသာခဲ့ရသည်။ ဝမ်းသာအားရလွန်းလို့ သူ့ခြေထောက်များက လေပေါ်ဆန်တက်သွားတော့မလိုပင်။

အားဖူအတွက် ငါးခြောက်တစ်ထုပ် ဝယ်လိုက်ပြီး ကတ်ထူဘူးထဲ ထည့်သိမ်းလိုက်ကာ စောင်အသေးလေးကို ယာယီအိပ်ရာအဖြစ် ခင်းပေးလိုက်သည်။

အားလုံးပြီးစီးသောအခါ ရန်ကျားလိသည်လည်း ရေချိူးခန်းထဲဝင်ကာ ရေမိုးချိုးလိုက်သည်။

ကျဥ်းမြောင်းသေးငယ်သော ရေချိုးခန်းလေးသည်ပင် ရန်ကျားလိ၏ အားမာန်တက်ကြွမှုနှင့် စိတ်လှုပ်ရှားပျော်ရွှင်မှုတို့ကို မရပ်တန့်ပေးနိုင်ပေ။ သူ၏ စိတ်ဆန္ဒတွေကလည်း အထွတ်အထိပ်သို့ ရောက်နေ၍ သေးသွယ်ပိန်လျပြီး ချောမွတ်နေသည့်ခန္ဓာကိုယ်က ရေပိုက်ခေါင်းကို မိုက်ခရိုဖုန်းအဖြစ် ကိုင်လိုက်ပြီး အရှေ့မှ အဖြူရောင်ကြွေထည် နံရံကြီးကိုလည်း ဂုဏ်သရေရှိသော လူကြီးမင်းများအဖြစ် သဘောထားလိုက်ကာ လှိမ့်တက်လာသော တက်ကြွပျော်ရွှင်မှုများနှင့် မျက်ရည်ဝဲမတတ် ခံစားနေရသော စိတ်လှုပ်ရှားမှုတို့နှင့်အတူ

"အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ ညီအစ်ကို၊မောင်နှမ၊ အဘိုးအဘွား၊ ရွာသူရွာသားများအားလုံး ဟိုးအဝေးကြီးကနေ ကျွန်တော့်ရဲ့ ဖျော်ဖြေပွဲကို လာရောက်အားပေးလို့ ကျေးဇူးတင်ပါတယ်။ အခုအားလုံးကို ဖျော်ဖြေပေးမယ့် သီချင်းကတော့ 《好日子》 ပဲဖြစ်ပါတယ်။ Music!"

{《好日子》ရက်မြတ်ရက်ကောင်း }

ရေချိုးခန်းမှ ပြန်ထွက်လာသည့်အခါ ရန်ကျားလိသည် ကုတင်ပေါ်သို့ ခြေကားယားလက်ကားယားနှင့် မှောက်ရက်လှဲချလိုက်သည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now