Chapter ( 3 )

1.1K 130 4
                                    

[ Unicode version ]

" မယ်တော် .. သားကို ဒါလေးဖတ်ပြဦး "

စာအုပ်လေးတစ်ကိုင်ကိုင်နဲ့ အနားရောက်လာတဲ့ ကလေးလေးကို မိဖုရားငယ်လေးက ပေါင်ပေါ်တင်ပြီး စာအုပ်ကိုကောက်ကိုင်တယ် ။ ကလေးလေးရဲ့ မျက်နှာကအေးချမ်းမှုက မိဖုရားငယ်လေးနဲ့တစ်ထေရာထဲ ။

အပယ်ခံနန်းဆောင်က မိဖုရားက မွေးတဲ့သားမို့ တစ်ခြားမိဖုရားတွေက မွေးတဲ့ ကလေးတွေနဲ့ တန်းတူ စာသင်ကြားခွင့်မရတာမို့ မိခင်ဖြစ်သူကိုယ်တိုင်က သင်ကြားပေးတယ် ။ ကိုယ်ခံပညာတော့ တန်းတူသင်ရပေမယ့် စာပါတတ်ရင် ထီးနန်းနေရာကိုပါစိုးရိမ်နေရမယ့် အရေးတွေကို ကြိုမြင်တဲ့ မိဖုရားတွေက မင်းသားငယ်ကုန်းကျွင်းကို စာသင်ကြားပေးဖို့ရာ အဖက်ဖက်ကနေပိတ်ပင်တယ်လေ ။

ဒါတောင် ကိုယ်ခံပညာသင်ချိန်တွေဆို အမြဲနှောက်ယှက်တတ်သေးတာ ။

" မယ်တော် .. ခမည်းတော်က မယ်တော်နဲ့ သားကို မချစ်ဘူးလားဟင် သားတို့ဆီလည်းမလာဘူး "

နှုတ်ခမ်းလေးတထော်ထော်နဲ့မေးမြန်းလာတဲ့ ၅ နှစ်အရွယ်ကလေးလေးရဲ့ ကြွေကွဲဖွယ်စကား ။ မိဖုရားလေးက ကလေးလေးရဲ့ ဆံနွယ်လေးတွေကိုခပ်ဖွဖွပွတ်သပ်လို့ ပြုံးတယ် ။

" မဟုတ်ပါဘူး ကျွင်းလေး ရဲ့ ၊ ခမည်းတော်က တိုင်းပြည်ရေးရာကိစ္စတွေအရမ်းများတယ်လေ "

" အာ..ဒါဆို မယ်တော့်ကို ဒီနေရာမှာ ဘာလို့ တစ်ယောက်ထဲထားတာလဲဟင် "

ထိုမေးခွန်းအတွက်တော့ မိဖုရားလေးမှာဖြေစရာရယ်မရှိ ။ သိတတ်စအရွယ်ရောက်လာတဲ့ ကလေးလေးက တစ်ခုပြီးတစ်ခုကိုစူးစမ်းလာတယ် ။ အပယ်ခံနန်းဆောင်က မိဖုရားရဲ့သားဆိုပြီး သူမရဲ့သားက နန်းတွင်းထဲအနှိမ်ခံနေရမယ်ဆိုတာ ပြောစရာမလိုအောင်သိနေပေမယ့် သူမလည်း ဘာကိုမှမတတ်နိုင်ခဲ့ ။

" ကယ် .. ကျွင်းလေး အဆောင်ပြန်တော့ ၊ မယ်တော်နားချင်ပြီ "

" သား ဒီည မယ်တော်နဲ့ အိပ်ချင်တယ် "

မိခင် နဲ့ ကလေးဆိုတာခွဲထားလို့မရစမြဲ ။ ၂ နှစ်အရွယ်ထဲက မင်းသားငယ်လေး ကုန်းကျွင်းကို နန်းတွင်းထဲ အဆောင်တော်သပ်သပ်ထားပေမယ့်လည်း ကလေးလေးက မကြာခဏ အပယ်ခံနန်းဆောင်ကိုလာရောက်ပြီး မိခင်ဖြစ်သူနဲ့ အချိန်ကုန်လေ့ရှိတယ် ။ နန်းတော်ထဲ သူမ တို့သားအမိနှစ်ယောက်က အာရုံစိုက်ရလောက်တဲ့ထိ အရေးမပါခဲ့တော့ မင်းသားငယ်လေး ခိုးထွက်လာတဲ့အချိန်ကြရင်လည်း ဘယ်သူကမှသိမနေ ။ ဒါကလည်း ကောင်းတဲ့အရာပဲလို့ သူမ ကထင်မှတ်တယ် ။

The Heart of Sacrifice || Complete ✓Tempat cerita menjadi hidup. Temukan sekarang