Chapter ( 4 )

962 129 21
                                    

[ Unicode version ]

အချိန်အားဖြင့် ညနေ နေဝင်ချိန်။

ညီလာခံမှာ ဆူညံနေသည် ။ အိမ်ရှေ့စံမင်းသား ခန့်အပ်ဖို့ရာ အတင်းတိုက်တွန်းနေတဲ့ မှူးကြီးမတ်ရာတို့ရဲ့အသံတွေ ။ ကလေးမရနိုင်တဲ့ မိဖုရားခေါင်ကြီးရဲ့ မျက်နှာဟာပျက်ယွင်းတယ် ။ ရေမြေ့အရှင်မင်းကြီးဟာလည်း အရည်အချင်းမပြည့်ဝသေးတဲ့ မင်းသားလေးယောက်လုံးကို စိတ်တိုင်းမကျသေးတာမို့ ခေါင်းခဲလှသည် ။

အိမ်ရှေ့စံမင်းသား ခန့်အပ်ပြီး တစ်ခါတည်း အိမ်ရှေ့စံမင်းသားကို လက်ထပ်ပေးသင့်ကြောင်းပါ တိုက်တွန်းလာကြတယ်။

ထိုအကြံဟာ မင်းကြီးရဲ့ ဒုတိယမြောက်မိဖုရား ချုံရှင်းယာ ရဲ့ အကြံပင်ဖြစ်တယ် ။ သူမ သားက မင်းသားတွေထဲအသက်အကြီးဆုံး ။ ထို့ကြောင့် အိမ်ရှေ့စံ နေရာကို အရယူနေခြင်းဖြစ်တယ် ။ နောင်ထီးနန်းသေချာအောင် တစ်ခါတည်းလက်ထပ်ပေးချင်တဲ့ သူမက မှူးမတ်တစ်ချို့ကိုမက်လုံးပေးပြီး ခိုင်းစေထားတာပဲဖြစ်တယ် ။

အခက်တွေ့နေတဲ့ မင်းကြီးရဲ့မျက်နှာ ၊ ပျက်ယွင်းနေတဲ့ မိဖုရားခေါင်ကြီးတို့နဲ့ မျက်နှာတွေကိုကြည့်ရင်း သူမဟာ အကျေနပ်ကြီးကျေနပ်လေတယ် ။ သူမဟာ သေချာပေါက် ဘုရင့်မယ်တော်ဖြစ်လာစေရမယ် ။

" ကိုယ်တော် စဉ်းစားပေးပါ့မယ် .. ဒီလ လဆန်းရက်မှာ မင်းသားတွေကိုအရည်အချင်းစစ် ပြိုင်ပွဲတစ်ခုလုပ်မယ် ၊ အဲ့ဒီပွဲမှာအနိုင်ရတဲ့သူကို အိမ်ရှေ့စံအဖြစ်ခန့်အပ်မယ် ၊ ကျေနပ်ကြပါရဲ့လား "

" ကျေနပ်ပါတယ် အရှင်မင်းကြီး "

" ဒါဆို ညီလာခံ သိမ်းမယ် "

" ဧကရာဇ် သက်တော်ရာကျော်ရှည်ပါစေ "

ကျေနပ်သွားတဲ့ အမတ်တွေရဲ့မျက်နှာကိုကြည့်ပြီး ဧကရာဇ်မင်းကြီးက သက်ပြင်းအသာချလို့ ကိုင်ဆောင်နေကြဓားကိုဆွဲကာ ညီလာခံမှထွက်လာခဲ့သည် ။

သူ့စိတ်တို့က ရှုပ်ထွေးနေပြီး တစ်နေရာကိုဦးတည်တယ် ။ အအေးဆောင်ကိုဦးတည်နေတဲ့ ဧကရာဇ်ကြောင့် ဘေးနားက ကုန်းကုန်းကအသံပြုတယ် ။

The Heart of Sacrifice || Complete ✓Where stories live. Discover now