11

14K 2.3K 172
                                    

{Unicode}

"ဘယ်သူမှလဲသိမှာမဟုတ်ဘူး"

ရန်ကျားလိ၏လက်များက ဘေစင်ပေါ်တွင် တင်လျက်ရှိနေသည်။ သူကခေါင်းမော့လိုက်ရင်း မှန်ထဲက ကိုယ့်ပုံကိုယ် ပြန်ကြည့်နေသည်။

ဓားရိုးကဲ့သို့ ဖြောင့်တန်းနေသော မျက်ခုံး၊ ဒေါသမီးလျှံများ တောက်လောင်နေသော မျက်ဝန်း၊ စိတ်ဆိုးအမျက်ထွက်နေသော​​ကြောင့် သေမတတ် ကိုက်ခဲထားသော အံသွား။

စိတ်မကောင်းလိုက်တာ.....ဒေါသထွက်နေတာတောင် ဒီလောက်ချောနေတုန်းပဲ။

သူသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး နှလုံးသားမှ လှိမ့်တက်လာသော ခံစားချက်များကို ချိုးနှိမ်လိုက်သည်။ ထို့နောက် မျက်လုံးများကို မှိတ်ထားရင်း ဗလုံးဗထွေး ရေရွတ်သည်။

"ဒေါသမထွက်နဲ့၊ ဘဝဆိုတာ ဒရမ်မာတစ်ပုဒ်လိုပဲ။ အဲ့လိုအရူးတစ်ယောက် အတွက်နဲ့ ဘာကြောင့်စိတ်ဆိုး ဒေါသထွက်နေရမှာလဲ..."

သူဟာ တည်တည်ငြိမ်ငြိမ်နှင့် ရေပိုက်ခေါင်းကို ဖွင့်လိုက်ပြီး မျက်နှာသုတ်ပဝါ တစ်ထည်ယူကာ မျက်နှာသစ်လိုက်သည်။

မျက်နှာကို ဆေးကြောပြီးနောက် ကုတင်ပေါ်မှာ လှဲလိုက်ပြီး ကုတင်ဘေးက စားပွဲပေါ်မှ ဖုန်းကိုယူကြည့်လိုက်သော်လည်း ဘာသတင်းမှ မထူးခြားသေးပေ။

ယဲ့ထင်က နောက်ကွယ်မှာ ကြိုးကိုင်ပြီး သူတို့နေရာကို ဖြုတ်ချလိုက်ဖို့ ဖိအားပေးနေသူမှန်း သိလိုက်ရသောအခါ ဒေါသကပြန်ထွက်လာပြီး ယဲ့ထင်ကို ချက်ချင်းဆိုသလို ဖုန်းဆက်လိုက်သော်လည်း ယဲ့ထင်က သူ့ဖုန်းအား လုံးဝပြန်မဖြေပေ။

သူ အရှုံးမပေးသေးဘဲ ယဲ့ထင်ဆီသို့ နောက်ထပ် စာတိုတစ်စောင် ပို့လိုက်သည်။ ယဲ့ထင်တစ်ယောက်ကတော့ သေချင်ယောင်ဆောင်နေသလိုမျိုး လုံးဝကို စာမပြန်ခဲ့ပေ။

ရန်ကျားလိက ဖုန်းကိုတစ်ဖက်မှာ ပြန်ချထားလိုက်ပြီး မျက်နှာကြက်ကို ​​ငေးကြည့်နေသည်။ ထိုအချိန် သူ့နှလုံးသားထဲတွင် ပေါက်ကွဲပစ်ချင်စိတ်နှင့် မွန်းကျပ်ပိတ်လှောင်နေစိတ်တို့ကို ယှဥ်တွဲခံစားနေရသည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now