Chapter 6

2K 58 0
                                    

ခွေးပေါက်လေး အစာ လျက်သလို သူ့လက်ချောင်းတွေကို စို့ လျက်နေတဲ့ Caius ကို တစ်ချက်ကြည့်လိုက်ရင်း

" ခင်~ ခင်များတစ်ယောက်ပဲ"

"တခြားဘယ်သူမှမရှိဘူး"

Caius ဘယ်လိုတုန့်ပြန်လာမလဲဆိုတာကိုစောင့်ရင်း ခေါင်းငုံ့ထားလိုက်တယ်။

Caius ကျေနပ်ပြုံးပြုံးကာ သူ့မျက်မှန်ကို မြှင့်လိုက်ပြီး ‌Orion ကို ကျောပေးထားတယ်။

"ဟမ့် ... မင်းအိပ်သင့်ပြီ။ ငါနောက်မှပြန်လာခဲ့မယ်" အေးစက်စက်လေသံနှင့်

Orion မဝံ့မရဲနဲ့ Caius ရဲ့ကျောပြင်ကို လှမ်းကြည့်လိုက်ကာ

"ခင်များ ဘယ်သွားမလို့လဲ"

"ဘယ်တော့ပြန်လာမှာလဲ"

Caius အေးစက်စက်ပြုံးလိုက်ပြီး

"ဘာလဲ မင်းကငါ့ကိုမြန်မြန်ပြန်လာစေချင်လို့လား"

"မဟုတ်ပါဘူး။ မေးကြည့်တာပါ"

"ငါဘယ်ချိန်ပြန်လာမလဲငါမသိသေးဘူး ငါပြန်လာရင်တော့သေချာတယ်....

"မင်းကို *စားပစ်မယ် အဲ့တာကြောင့်သေချာပြင်ဆင်ထား"

*ဒီနေရာမှာမူရင်း Author က Gobble လို့ရေးထားတယ်။ Kaz ရေးထားတာဖတ်လို့မကောင်းရင် ကိုယ့်ဘာသာရှာပြီးမှောင်လို့ရတယ်နော် 😢

"!!!!!"

Orion နီးမြန်းလှတဲ့ ‌ကြမ်းခင်းကိုပဲကြည့်နေမိတော့တယ်

'စားပစ်မယ်'

ဒီစကားလုံးသုံးလုံးက သူ့မျက်နှာတစ်ခုလုံးကို ရှက်သွေးဖြာသွားအောင် လုပ်ဆောင်နိုင်စွမ်းရှိတယ်။

စင်္ကြလမ်းဘက်ကိုရုတ်တရက်လှမ်းကြည့်လိုက်တယ်။

Orion ရဲ့အကြည့်ကတော့ Caius နဲ့အတူကားပေါ်တက်သွားတဲ့အမျိုးသမီးနောက်ကိုပါသွားတယ်။

'သူမကဘယ်သူလဲ' 'ဘယ်သူမို့လို့ သူ့ကိုအဲ့လောက်ထိဖက်တွယ်နေရတာလဲ'

အဲ့ချိန်မှာပဲ အတွေးတစ်ခုက သူ့ကိုရပ်တန့်ပစ်လိုက်တယ်။

"အို ငါ့မေ့သွားတယ်...စောင့်နေရမဲ့နေရာမှာ ရှိမနေဘူး"

💛 သဲကြီးတို့ စောင့်နေနောက်တစ်ပိုင်းလာမယ်....

Daddy's Little Slut (Novel - Mm translation)Where stories live. Discover now