Chapter 8

1.8K 53 0
                                    

သူတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် တင်းကျပ်စွာဖက်ပြီး ခရီးဆက်နေစဉ်မှာပဲ တစ်စူံတစ်ယောက်ထံမှ ဖုန်းဝင်လာခဲ့တယ်။

"ပြော..."
ဖုန်းခေါ်ဆိုသူဟာ Cecelia ဖြစ်တယ်။

"အဖေနဲ့အမေလာနေပြီ"

"ငါသိပြီ"

မျက်နှာတစ်ခုလုံးရဲတွတ်နေပြီး အောက်ကိုပဲငုံကြည့်နေတဲ့ Orion ကို ငုံ့ကြည့်လိုက်တယ်။

"အဲ့တာ..."
"ပြန်တော့" အေးစက်စက်အသံနဲ့။

"ဟမ်?"

"ပြန်တော့လို့ ငါပြောနေတယ်!!"
"မင်းကို ချပေးဖို့ ဒရိုင်ဘာကိုပြောလိုက်မယ်။ သွားတော့"

"ကျ_ ကျွန်တော် သိပါပြီ" မျက်နှာ‌ငယ်လေးနဲ့ Orion ပြန်ဖြေတယ်။

အဲ့လိုနဲ့ပဲ Orion ခေါင်းငိုက်စိုက်နဲ့ ထွက်ပြေးသွားတော့တယ်။

ခဏကြာတော့ သူအိမ်ကိုပြန်ရောက်သွားတယ်။

ပတ်ဝန်းကျင်ကအရမ်းမှောင်နေပြီး ခုံတန်းရှာပေါ်မှာ တစ်စုံတစ်ယောက်အိပ်နေတယ်။

"... အဟင့် ဟင့်... ဟင့်.... ရွှတ်...."

"ဟင်?" "ဘယ်သူလဲ?"
"ORION ???? မင်းဘာလို့ငိုနေတာလဲ"

Dylan ကို‌မြင်တော့ သူ့နှုတ်ခမ်းကို လက်နှစ်ဖက်နဲ့ အုပ်ပြီး အားရပါးရငိုချလိုက်ပါတော့တယ်။

"ကျစ်.. မင်းဘာလို့ငိုနေတာလဲလို့"

ဘာမှ ပြန်မဖြေတဲ့ Orion စိတ်ပြေအောင် Dylan တစ်ယောက် ရေတစ်ခွက်နဲ့ ခြုံစောင်တစ်ထည်သွားယူလိုက်တယ်။ Orion ကို အသာခြုံပေးလိုက်တယ်။

"ကဲ အခုပြောတော့။ မင်းဘာအတွက်ငိုတာလဲ"

"ဟင့်... အဲ့တာက.."

Orion သူကြုံတွေ့လာခဲ့ရသမျှကို အကုန် ရင်ဖွင့်လ်ုက်ပါတော့တယ်။

"ဟေး အဲ့တော့ ဒါမင်းရဲ့ ပထမဆုံးမလို့လား"

"ဘ_ဘာကို"

"ဟုတ်တယ်လေ မင်းကအခု မင်းရဲ့ပထမဆုံးကို ဆုံးရှုံးလိုက်ရသလိုငိုနေတာလေ။ မင်းအရမ်းကြီးကြီးကျယ်ကျယ်တွေးနေပြီးတော့ပေါ့"
"အမှန်တော့ အဲ့တာက သိပ်ကြီးကျယ်တာမဟုတ်ဘူး။ သူကလည်း မင်းကို ပေးရတာနဲ့ သူ့ရပိုင်ခွင့်ကို သူယူသွားတာပဲလေ"

Orion သူ့ကိုသေချာစိုက်ကြည့်ပြီးတဲ့နောက် မျက်ရည်တို့က အတိုင်းမသိစွာကျဆင်းလာခဲ့တော့တယ်။

"ငါ့အမှားပဲ"
"ထူးခြားတယ် ဆိုပြီး အထူးတလည်ခံစားနေတဲ့ ငါကမှားတာ"

Daddy's Little Slut (Novel - Mm translation)Where stories live. Discover now