Ch (4)

70 5 0
                                    

I Choose YOU 💘

Chapter (4)

မနက်ခင်းအချိန်အခါတစ်ခုတွင် အမှတ်တရလက်မှတ်ရေးထိုးပွဲတစ်ခုဆီ၌ …

ရီးလျံ - အစ်မ ပူလာပြီနော် အစ်မ လူကမလာသေးဘူးလား ဘယ်လောက်အထိစောင့်ရအုံးမှာလဲ ?

လုလျံ - လာမှာပေါ့ ဟယ် ခနလေးပါပဲ

ရီးလျံ - လူတွေကလည်း အများကြီးပဲ သူ့ကိုကြိုက်တဲ့ Fan တွေက တော်တော်များတာပဲနော်

လုလျံ - ဟုတ်တယ် သူကချောလဲချောတယ် နာမည်လည်းအရမ်းကြီးတာ ငါလည်း သူ့ Fan ပဲလေ

ရီးလျံ - ယုံပါတယ် မိန်းကလေးတွေဒီလောက်များပုံ ကြည့်တာနဲ့ ဒါနဲ့ နာမည်က…

လုလျံ - ဒိုင်လန် နင်သူ့ကိုမသိဘူးလား ?

ရီးလျံ - သိလည်းမသိဘူး မြင်လည်းမမြင်ဖူးဘူး

လုလျံ - အောင်မလေး ဟယ် အဲ့လောက်​တောင်ပဲ သတိထားရလား အေး သူလာရင်ပြမယ်

ရီးလျံ - အင်းပါ အခုတော့ အပြင်ဘက်ခနသွားလိုက်အုံးမယ် ဒီလူကြားထဲမှာဆက်နေနေရင် အသက်ပျောက်ဖို့ကိန်းရှိတယ်

လုလျံ - အေး

ဆို၍ ရီးလျံလည်း လူအများကြီးထဲနေရတာ မွန်းကြပ်လာတော့တာကြောင့် လေကောင်းလေသန့်လေး ရှုရန် ထိုနေရာမှထွက်လာခဲ့လိုက်လေသည်

ကြီးမားလှသော အနက်ရောင် ကားကြီးတစ်စီး ထိုးစိုက်လာ၍ ကားပေါ်မှ ဒိုင်လန်တစ်ယောက် ကမန်းကသန်း ပြေးဆင်းလာလေရာ နယ်မြို့လေးတစ်မြို့တွင် သူ့ရဲ့​ နောက်အသစ်ထွက်မည့်
MTV သီချင်းအတွက် ရိုက်ကူးရေးအစီအစဥ်သွားလုပ်ပြီး ပြန်ရောက်ရောက်ချင်း နောက်ထပ် အမှတ်တရ လက်မှတ်ရေးထိုးပွဲရှိသေးတာ​ကြောင့် အမြန်အဆန် အဝတ်အစားလဲကာ လက်မှတ် ထိုးပွဲရှိလာဆီသို့ ရောက်ရှိလာခြင်းဖြစ်လေသည် နောက်ကျနေပြီလဲ ဖြစ်နေတာကြောင့် ကားပေါ်မှဆင်းပြီး အမြန်အဆန် အထဲသို့ဝင်လာလိုက်ချိန် မထင်မှတ်ပဲ တွေ့လိုက်ရတဲ့ မိန်းကလေးတစ်ယောက်ကြောင့် စိတ်ထဲ၌ ပင်ပန်းနေသမျှ မောပန်းနေသမျှတွေတောင် ပျောက်သွားမိလိုက်လေသည်

ဟိုဘက် Main ခန်းမကြီးဘက်မှာသာ လူတွေအုံနေပင်မဲ့ တေးသီချင်းအခွေတွေ ရောင်းဖို့ပြထားရာ နေရာမှာတော့ ရီးလျံတစ်ယောက်
တည်း အခွေတစ်ခုကိုကိုင်ကြည့်နေပြီး ရပ်နေ၍ …

I Choose You 💘 ( ကိုယ်မင်းကိုပဲရွေးချယ်မှာ ) { Completed }Wo Geschichten leben. Entdecke jetzt