Ch (7)

56 5 0
                                    

I Choose YOU 💘

Chapter (7)

အလုပ်လုပ်ကြချိန် မနက်အခါအခင်း​လေးတစ်ခုတွင် ရီးလျံ တစ်ယောက် ဂိုထောင်ရှိရာ၌ ထိုင်ပြီး အလုပ်လုပ်နေသော်လဲ ခြေထောက်ကနာနေတာကြောင့် သူမ့ ခြေဖဝါးလေးကို လှုပ်လှုပ်ရှားရှား လှည့်နေမိလေသည်

”မမလေး ”

ရီးလျံ - ရှင့်

”ကျွန်တော်တို့ ဂိုထောင် အနောက်ဘက်ထဲမှာ ပစ္စည်းတွေ သွားသိမ်းလိုက်ပါအုံးမယ်နော် ဟို ဘာတစ်ခုမှ လျှောက်မလုပ်နဲ့နော်”

”ဟိုနေ့ကလိုမျိုး ခုံပေါ်ကနေ ဘာမှ မဖြစ်မချင်းခုန်ခုန်ချတာမျိုးကိုပြောတာပါ ”

ရီးလျံ - အော်…အင်းပါ ဘာမှမလုပ်ပါဘူး သွားသွား စိတ်ချ

”ဟုတ်…ဟုတ်ကဲ့”

ဟု ထိုအလုပ်သားလေးတွေမှာလည်း သူမ့တစ်ခုခုလုပ်မှာကို လန့်နေကြသောမျက်နှာလေးတွေနဲ့ ထွက်သွားကြတော့လေသည် ထိုအချိန် ဇုလည်း ဟန်နဲ့ အတူ ဂိုထောင်တွေ လိုက်ပတ်ကြည့်ရင်း သူမ ရှိရာသို့ ရောက်လာခဲ့လေရာ သူမတစ်ယောက် တည်းထိုင်ပြီး ခြေထောက်လေး တစ်လှည့်လှည့်နဲ့ လုပ်နေသည်ကို လှမ်းတွေ့မိလိုက်တာ​ကြောင့် သူမကို သေချာရပ်ကြည့်မိပြီး တည်တည်ငြိမ်ငြိမ်နဲ့ပဲ လျှောက်လာခဲ့လိုက်လေသည်

ဇု - အ​ခြေအနေ

ဆို သံကြောင့် ရီးလျံလည်း ခေါင်းကြီး ငုံ့ပြီးခြေထောက်ကို အာရုံရောက်နေရာမှ မော့ကြည်လိုက်တော့ သူမရဲ့ ဦးဖြစ်နေတာကြောင့် …

ရီးလျံ - အမ်

ဇု - ဂိုထောင်အခြေအနေမေးတာ

ရီးလျံ - ကောင်းပါတယ် ဘာမှ အဆင်မပြေတာမရှိပါဘူး

ဇု - အင်း

ဟု ပြောပြီး သူမ တစ်ယောက် ကျက်သေ သေနေသော မျက်နှာလေးနဲ့ ဇုကိုပဲ မျက်တောင်မခတ်ဘဲ ကြည့်နေတော့တာကြောင့် ဇုလည်း သူမကို ပြန်လှည့်ကြည့်ရင်း ကျောချမ်းမိလေရာ…

ဇု - ဘာဖြစ်လို့…

ဟုပဲ ပြောလို့ မပြီးသေး သူမတစ်ယောက် …

I Choose You 💘 ( ကိုယ်မင်းကိုပဲရွေးချယ်မှာ ) { Completed }Wo Geschichten leben. Entdecke jetzt