Ch (23)

68 4 0
                                    

I Choose You 💘

Chapter (23)

ဇယ်ဗန့် ကုမ္မဏီတွင် အခန်းတစ်ခုထဲ၌ အစု ရှယ်ယာရှင်တွေလည်း အစု အစည်း တည်ရှိနေကြသလို့ ဇုရဲ့ ဦးလေးလည်း ရှိနေလေရာ ဇုတစ်ယောက် တံခါးကြီး စောင့်တွန်းဖွင့်လိုက်ပြီး ဝင်လာတာကြောင့်…

”တူလေး မင်းရောက်လာပြီပဲ”

ဇု - ခင်ဗျား ပြဿနာရှာနေတာတွေကို ရပ်လိုက်တော့နော်

”ငါကပြောရမှာ … ဒီမှာရှိနေတဲ့ ရှယ်ယာရှင်တွေ အကုန်လုံးကို ကျွန်တော် တစ်ခုလောက်ပြောချင် ပါတယ်… ကျွန်တော့်တူက ကျွန်တော်ကို နာမည်မ ပျက်ပျက်အောင်ကို မကောင်းသတင်းတွေ လွှင့်ပြီး ကျွန်တော့် ကုမ္မဏီနာမည်ထိုးကျအောင် လုပ်နေတာပါ ဖြစ်ပျက် နေတဲ့သတင်းတွေကိုလည်း ခင်ဗျားတို့ အကုန်လုံးကြားမိကြမှာပါ”

”အဲ့သတင်းတွေက အမှန်တွေဆို ”

”မဟုတ်တာ တူဖြစ်တဲ့ သူကို ဦးလေးဖြစ်တဲ့ ကျွန်တော်က အဲ့လို လုပ်ရက်ပ့မလား နည်းပညာ တိုးတက်နေတဲ့ ခေတ်ပဲ တစ်ယောက်
ယောက်က လုပ်ကြံ ဇာတ်ခင်းထားတယ်ဆိုတာ ကျွန်တော် သေချာပြောရဲတယ်”

ဇု - ခင်ဗျား အပိုတွေ လျှောက်ပြောမနေနဲ့ ခင်ဗျားလုပ်ခဲ့တာတွေ အကုန် ကျွန်တော်သိတယ် ခင်ဗျား အပြစ်ကို ကျွန်တော့်အပြစ် လာလုပ်မနေပါနဲ့

”ဇု… မင်းက လူငယ်ဆိုတော့ စိတ်အလိုလိုက်မိတာကို နားလည်ပါတယ် ကုမ္မဏီနှစ်ခုကို လက်ဝါးကြီးအုပ်ချင်တာနဲ့ပဲ ဦးလေးကို အဲ့ဒီလိုမတိုက်ခိုက်ပါနဲ့ ”

ဇု - Drama တွေလာခင်းမနေနဲ့ ခင်ဗျား… ကျွန်တော့်မှာ ခိုင်​လုံတဲ့သက်သေတွေ အကုန်ရှိတယ်

”ငါ့ကို တိုက်ခိုက်ချင်တာနဲ့ပဲ သက်သေအတုတွေနဲ့ မငြင်းဆန်စမ်းပါနဲ့ အဲ့ဒီ… ဗီဒီယိုကလည်း မင်းဖန်တီးထားတဲ့ အတုတစ်ခုဆိုတာ ငါသိတယ် ”

”တကယ်ပဲလား သူဠေး ဇယ်ဗန့်”

”အဲ့ဒီ… ဗီဒီယိုတစ်ခုထဲနဲ့ ဦးလေးလုပ်သူကို စွပ်စွဲလို့ မရဘူးလေ”

”ဟုတ်ပါတယ် မင်းကြည့်ရတာ နေမကောင်းဘူး ထင်တယ် တူလေး… လွန်ခဲ့တဲ့ ၂ နှစ်က အက်ဆီးဒင့်ကြောင့် မင်း နေမကောင်းဘူးဆိုတာ ငါ နားလည်ပါတယ်”

I Choose You 💘 ( ကိုယ်မင်းကိုပဲရွေးချယ်မှာ ) { Completed }Where stories live. Discover now