14

14.3K 2.4K 125
                                    

{Unicode}


"ညဥ့်နက်သန်းခေါင်ဝယ်"

ယဲ့ထင်၏စံအိမ်သည် မြို့၏ဆင်ခြေဖုံး အရပ်တွင် တည်ရှိသည်။

ရန်ကျားလိက ဒရိုက်ဘာ၏ကားကို စီးရင်းစံအိမ်ကို ရောက်လာချိန်မှာ ကောင်းကင်ကြီးက မှောင်မိုက်လုနေပြီဖြစ်သည်။ မှင်အနက်များ ခြယ်သထားသကဲ့သို့သော ညကောင်းကင်ယံသည် မှိန်ပျပျ ကြယ်ကလေးများဖြင့် ပြန့်ကျဲနေသည်။ ညနက်၏ လေပြေလေညင်းများအား နှင်းစက်များ၏ အအေးဓာတ်က ဖုံးလွှမ်းသွားပြီး အရိုးထဲထိစိမ့်အောင် အေးမြလာသည်။

ခမ်းနားလှစွာ ထွန်းလင်းတောက်ပနေသည့် စံအိမ်ရှေ့တွင် ရန်ကျားလိသည် ကိုယ့်ကိုကိုယ် (အဝတ်နှင့်) သေချာထုပ်ပိုးလိုက်သည်။

[အင်္ကျီလုံခြုံအောင် ဝတ်လိုက်တာပြောတာပါ တခြားမတွေးနဲ့နော် အေးလို့ အေးလို့]

သူက ခဏတာမျှ တွန့်ဆုတ်နေပြီးမှ စိတ်ဆုံးဖြတ်လိုက်ကာ တံခါးဖွင့်ပြီး အထဲသို့ဝင်လာသည်။

စံအိမ်ထဲဝင်လိုက်သည်နှင့် ရန်ကျားလိသည် မိမိကိုယ်ကို တနေ့လုံး အပျော်အပါးပဲ လိုက်စားတတ်သော၊ လောကဓံအကြောင်းကို နားမလည်၊ သေခြင်းတရား အကြောင်းကိုလည်း တီးမိခေါက်မိ မရှိ၍ ရက်စက်ကြမ်းကြုတ်သော ဝံပုလွေ၏ ဂူထဲသို့ပင် ဝင်သွားလိုက်ကာ ၎င်းအား အစွယ်များနှင့် ဝါးစားမတက်ကြည့်နေသော သားရဲတစ်ကောင် ရှိသည်ကိုပင် သတိမပြုမိသော သိုးသူငယ်လေးနှင့် တူနေသည်ဟုပင် ထင်ယောင်ထင်မှား ဖြစ်လာသည်။

သူသည် တံတွေးတစ်ချက် မြိုချပြီး စိတ်ထဲတွင်တော့ သရဲအိမ်ထဲ ဝင်လျှင်ပင် ယဲ့ထင်၏အိမ်သို့ ဝင်ရသည်လောက် ရတက်မအေး ဖြစ်နေစရာ မလိုဘူးဟူ၍ တွေးလိုက်မိသည်။ တကယ် သောက်ကျိုးနည်းပါပဲ။

သူသည် တည်ငြိမ်ဟန်ဆောင်ကာ စံအိမ်၏ ဧည့်ခန်းအတွင်းသို့ ဝင်သွားလိုက်သည်။

ရန်ကျားလိသည် ခရီးဆောင်အိတ် အသေးလေးကို ပိုက်ထားပြီး ဘေးဘီဝဲယာသို့ ချောင်းမြောင်းကြည့်ရှူသည်။ မီးရောင်များက လင်းလက်တောက်ပနေသော်လည်း လူတစ်ဦးတစ်ယောက်မှ မတွေ့ရပေ။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now