အပိုင်း ၁

589 19 4
                                    

အပိုင်း ၁ [ Unicode Version ]

နိုဝင်ဘာလရဲ့ မနက်ခင်းတွေက ခပ်အေးစိမ့်စိမ့် ။

သူတည်းနေတဲ့ တည်းခိုခန်းလေးကနေ မနီးမဝေးမှာရှိတဲ့ Cafe ကို မနက်စာစားဖို့ ထွက်လာတဲ့အချိန်မှာ မနက် ၈ နာရီ တီးလုတီးချင်ဖြစ်နေပြီ ။ ပြီးတော့ နဂိုကတည်းက တော်ရုံသိပ်မအေးတတ်တဲ့သူမို့လားတော့မသိ ၊ ခုချိန်အညိုရောင်ချည်ထိုးဆွယ်တာလေး တစ်ထည်နဲ့တောင် သူအပြင်ထွက်နေနိုင်သည် ။

ဆိုင်တံခါးကို တွန်းဖွင့်ဝင်လိုက်သောအခါ ချွင်ခနဲ မြည်သွားသော ခေါင်းလောင်းသံလေးက အေးစိမ့်စိမ့် မနက်ခင်းလေးကို ပိုအသက်ဝင်သွားစေသလိုပင် ။

မနက်တိုင်း မပျက်မကွက်သောက်နေကျ ကော်ဖီနွေးနွေးတစ်ခွက် နှင့် မှန်ဗီရိုထဲမှ ကျရာမုန့်တစ်ခုကို လက်ညှိုးထိုးပြမှာခဲ့ပြီးတဲ့နောက် မှန်ပြတင်းနှင့် ကပ်လျှက် စားပွဲဝိုင်းတစ်ခုကိုပဲ သူလျှောက်လာခဲ့တော့သည် ။

လက်ထဲ အသင့်ကိုင်လာသည့် ဖတ်လက်စာ စာအုပ်ကို စားပွဲပေါ်တင်ပြီး လှန်လိုက်တော့မှ ' ငြိမ်းချမ်းဧယာ ' တစ်ခုကို သတိရမိလေတော့၏ ။

မျက်မှန် မယူခဲ့ရဘူး ။

အနည်းငယ် စိတ်ပျက်သမှုနဲ့အတူ စာအုပ်ကိုပြန်ပိတ်လိုက်တဲ့ လက်ချောင်းတွေက အသားအရေ ကြည်ရှင်း၍ အမွှေးနုရှိန်းရှိန်းလေးများ ထင်းနေ၏ ။ မရှည်မသွယ်သော လက်ချောင်းတို့က ယောကျ်ားဆန်မှုနှင့်အတူ လက်သည်းတို့ကို တိတိပပ ညီညီညာညာဖြစ်အောင် ဂရုတစိုက်ညှပ်ထားသေးသည် ။ ဘယ်ဘက်လက်တွင်မူ leather ကြိုးအညိုရောင်နှင့် စိုနက်နေသော ဒိုင်ခွက်ခပ်လတ်လတ် လတ်ပတ်နာရီတစ်လုံးက နေရာယူထားလျှက်ပင် ။

စာအုပ်တစ်အုပ်ရယ် ၊ ခပ်နွေးနွေးကော်ဖီတစ်ခွက်ရယ်နဲ့ ဖြတ်သန်းလေ့ရှိတဲ့သူ့မနက်ခင်းက ဒီနေ့တော့ စာဖတ်မျက်မှန်မေ့ကျန်ခဲ့တဲ့အမှုနဲ့ အနည်းငယ်လစ်ဟာ သွားရတော့သည်။ ထို့ကြောင့် သတ်သတ်မှတ်မှတ် လုပ်စရာမရှိတော့ဘဲ ငြိမ်းချမ်းဧယာ ခုံ၌သာမှီထိုင်၍ ဆိုင်အပြင်ဘက်ကို ငေးနေလိုက်တော့၏ ။

" ဧည့်သည် ကော်ဖီရပါပြီရှင့် "

အသိပေးသံလေးနဲ့အတူ မှာထားတဲ့ စားစရာတွေ စားပွဲပေါ်  ဂရုတစိုက်လာချပေးတဲ့ ဆိုင်ဝန်ထမ်းမလေးကို ဧယာ ခေါင်းတစ်ချက်သာ အလိုက်သင့်ဆတ်ပြသည် ။ မထူမပါးလွန်းသော နှုတ်ခမ်းတွေက အမြဲလိုလို တည်တံ့နေလေ့ရှိပြီး အသက် ၃၁ နှစ်အရွယ်နှင့် လိုက်ဖက်သော တည်ငြိမ်မှုတွေရှိ၏ ။

ရင်ခုန်သံအကျိုးအပဲ့Where stories live. Discover now