အပိုင်း ၂

103 12 2
                                    

အပိုင်း ၂ [ Unicode Version ]

ရှင်းသုတပိုင် သူငယ်ချင်းများနှင့် အုပ်စုလိုက် ကလောမှ မန္တလေးသို့ ပြန်ရောက်ချိန်တွင် ညနေစောင်းနေလေပြီ။ ပါလာသည့် လက်ဆောင်များကို မိသားစုဝင်များအား ခွဲဝေပေးကမ်း၍ တွေ့ကြုံခဲ့ရသည့်အကြောင်းများကို အလာပ သလာပ  စကားစမြည်များပြောဆိုရယ်မောပြီးသည့်နောက်တွင်တော့ ရေမိုးချိုး၍ နားရန် အခန်းတွင်းသို့ ဝင်လာခဲ့တော့၏။

ရှင်းသုတပိုင်ရဲ့ အကျင့်တစ်ခုက ခေါင်းလျှော်ပြီးလျှင် တစ်ခါမှ သေသေချာချာ ရေခြောက်အောင်သုတ်လေ့မရှိပေ။ အမြဲ စိုထိုင်းထိုင်းဆံပင်တွေထက်ကို တဘက်တစ်ထည် အုပ်တင်ထားရင်း သာမန်ကာလျှံကာမျှ သုတ်ရုံလောက်နှင့် ပြီးသွားသည်က များသည်။ သူကိုယ်တိုင်ကလည်း ခေါင်းလျှော်ပြီးသည့်အချိန် ရေမခြောက်တခြောက်နှင့် အေးစိမ့်စိမ့်နေရသည့် အရသာကို နှစ်သက်ပေသည်ကိုး ။

ယခုလည်း အိမ်နေရင်း တီရှပ်တစ်ထည် ဘောင်းဘီရှည်တစ်ထည်နှင့် အလုပ်စားပွဲတွင်ထိုင်ရင်း laptop ကို တချောက်ချောက် နှိက်နေပြန်သည်။ ခေါင်းပေါ်ထက်တွင်တော့ အုပ်တင်ထားဆဲ တဘက်တစ်ထည်နှင့် ရေမခြောက်သေးသော စိုထိုင်းထိုင်းဆံပင်တို့က ထိုးထိုးထောင်ထောင်နှင့် ရှိနေဆဲ။

" ဟပ်ချိုး ! "

တစ်နာရီလောက် ထိုင်ပြီးသည့်နောက်တွင်တော့ ရိုက်ယူလာခဲ့သော တောင်နေကြာခင်း၏ ဓာတ်ပုံများကို အလင်းအမှောင် Filter များ ချိန်၍ လှလှပပဖြစ်အောင် Edit ပြီးနေလေပြီ။

သေချာပြုပြင်ထားသောပုံများကို တစ်ပုံပြီးတစ်ပုံ ပြန်စစ်နေခိုက် တစ်နေရာသို့ အရောက်တွင်တော့ mouse ပေါ်မှ ရှင်းသုတပိုင်၏ လက်များ ခဏရပ်တန့်သွားရ၏။

လိမ္မော်နှင့် အဝါရောင်ရောယှက်နေသော ဆည်းဆာနှင့် တောင်နေကြာခင်း၏ အလှတရားများအလယ်တွင် အဖြူထည်တစ်ခုရှိနေသည်။ ဘေးတစ်စောင်းမြင်နေရသော မျက်နှာမှာ တည်ကြည်၍ ရှင်းရှင်းလင်းလင်းရှိ၏ ။ မျက်နှာ အစိတ်အပိုင်းတစ်ခုချင်းစီက သေသပ်ပြတ်သားက ယောကျ်ားဆန်ဆန်ချောမောသည်။ ဝတ်ဆင်ထားသော ကော်လာရှပ်အဖြူအစင်းကျားနှင့် တောင်နေကြာခင်းအား ငေးနေသည့်ဟန်က နွေးထွေးနူးညံ့သည့်ဟန် ပေါက်သလို တစ်ချိန်ထဲတွင်လည်း အေးစက်အထီးကျန်မှုများ ရောနှောနေသလိုပင်။

ရင်ခုန်သံအကျိုးအပဲ့Where stories live. Discover now