အပိုင်း ၅

104 6 1
                                    

အပိုင်း ( ၅ ) [ Unicode Version ]

စက္ကန့်ပိုင်းမျှစာသော ထိုအချိန်ကာလလေးအတွင်းတွင် တစ်ဖက်လူ၏ခပ်မှုန်ကုပ်ကုပ်ဆန်သော အကြည့်က ရှင်းသုတပိုင်အား အနည်းငယ် နှလုံးခုန်မြန်သွားစေ၏ ။ သို့သော် ဘယ်လောက်မျှပင်မကြာလိုက် ထိုအနည်းငယ်တွန့်ချိုးနေသောမျက်ခုံးတို့က ပြေလျော့ကျသွားကာ သူ့ကိုမှတ်မိကြောင်း အသိအမှတ်ပြုသော မျက်နှာပေးမျိုး ပြောင်းသွားလေတော့သည် ။ ထိုသူကခပ်အေးအေးဆို၏ ။

" သြ... ဘေးအိမ်ကချာတိတ် "

ဘဝတွင် တစ်ခါမျှ အသုံးအနှုန်းမခံရဖူးသော နာမ်စားမျိုးကြောင့် ရှင်းသုတပိုင် မျက်တောင်ပင် ၂ခါ ခပ်ဖြတ်ဖြတ်ခတ်မိသွားရသည်။ ဘယ်လိုဖြစ်လို့ အသုံးအနှုန်းတွေကအစ Retro Vibe ဆန်နေရသလဲမသိပေမယ့် သူတိတ်တခိုးလေး သဘောတွေ့မိသွားတာကိုတော့ ဝန်ခံရမလိုပင် ။ ရှင်းသုတပိုင်၏ နှုတ်ခမ်းလေးများ ပြုံးမိတော့မလို တွန့်လှုပ်သွားရ၏ ။

" ခွေးလေးတွေကို လာစစ်ဆေးပေးတာလားဗျ "

ရှင်းသုတပိုင် လောကဝတ်အရ သင့်တော်သောစကားလုံးအချို့ကို ရွေးချယ်၍ တရင်းတနှီးနှုတ်ဆက်လိုက်တော့ တစ်ဖက်လူက သူ့ပစ္စည်းကိရိယာတွေကို ဆက်သိမ်းရင်း ခေါင်းတစ်ချက်ငြိမ့်ပြသည်။

" အင်း... ဟုတ်တယ် "

ခပ်ပြတ်ပြတ်ဆန်သော အဖြေအောက်မှာ သူအနည်းငယ်အားလျော့သွားရပေမယ့် ဘေးတွင်ရပ်နေသော Pet House ပိုင်ရှင် အန်တီက ဖော်ဖော်ရွေရွေ စကားဝင်ထောက်ပေး၏ ။

" ဒေါက်တာငြိမ်းချမ်း ဆေးခန်းက ဟိုဘက်နှစ်တိုက်ကျော်က  မြေညီထပ်မှာလေ... နီးနီးနားနားဆိုတော့ တစ်လတစ်ကြိမ်အမြဲ အန်တီ့ကလေးတွေကို ကျန်းမာရေးစစ်ဆေးပေးတယ် "

တိုက်ဆိုင်စွာ ထိုသူ၏ အလုပ်နေရာအထိ သိသွားရသည့် အခိုက်အတန့်တွင် ရှင်းသုတပိုင်၏စိတ်ထဲ၌ အနည်းငယ်ရွှင်မြူးလာရ၏ ။ သူ့တွင် မွေးထားသော ခွေးလည်းမရှိသလို ဆေးခန်းပြစရာအကြောင်းလည်းမရှိ ။ သို့သော် သူပျော်မိသည် ။

ထို့နောက် ယနေ့၏ မွေးနေ့ရှင်အားမသိမသာ မျက်လုံးထောင့်မှ ခိုးကြည့်မိပြန်သည် ။ တည်တည်ကြည်ကြည်နှင့်ပင် လုပ်စရာရှိသည်အား ဆက်လုပ်ဆောင်ပြောဆိုနေ၍ သူ့ကိုတော့ စကားစမြည် ရပ်ပြောရလောက်တဲ့အထိ ရင်းနှီးသူဟုမှတ်ယူထားပုံမပေါ်ပေ ။

You've reached the end of published parts.

⏰ Last updated: Mar 20, 2022 ⏰

Add this story to your Library to get notified about new parts!

ရင်ခုန်သံအကျိုးအပဲ့Where stories live. Discover now