4

78K 5.6K 201
                                    

"ကျွန်တော် အပြင်မှာနေမလို့"

တစ်ဖန်တိတ်ဆိတ်သွားပြန်သောထမင်းဝိုင်းက
Royalရဲ့စကားသံကြားပြီး ထမင်းစားနေကြရာမှ
မော့ကြည့်လာကြသည်။

ထိုစကားကိုပြောတဲ့သူကတစ်ခြားအိမ်သားတစ်ယောက်ဆိုရင်'အိမ်မှာပဲနေပါ'လို့ပြောကြမှာဖြစ်ပေမယ့်
ပြောတဲ့သူမှာ Royalဖြစ်သည့်အတွက်
မည်သူမှ အထွန့်တက်ပြီးဘာမှမပြောပေ။
အကြောင်းမှာ Royalကထိုစကားကိုခွင့်တောင်းတာ
မဟုတ်ပဲ အသိပေးခြင်းဆိုတာသူတို့သိထားကြလို့ပင်။

"ငါ့ကြောင့်လား"

ဦးဇာနည်တော်ဝင်က သားဖြစ်သူကိုကြည့်ကာ
သူ့ကိုယ်သူလက်ညိုးထိုးရင်းပြောလေသည်။
ကျန်တဲ့မိသားစုဝင်တွေက ဘာမှဝင်မပြောသော်ငြား
Royalဆီက အမှတ်လိုချင်နေတဲ့'မယ်'ကတော့
လှုပ်လှုပ်ရှားရှားဖြစ်သွားကာ

"ဘာလို့ အပြင်မှာနေမှာလဲ Royal၊
မိသားစုနဲ့နေရတာလောက်ကောင်း..."

သူမစကားကိုအဆုံးမသတ်လိုက်ရပေ။
အကြောင်းမှာ Royalအပြင်ထိုက်ကပါ
သူမကို စူးစိုက်ကြည့်လာတာမို့။
Royalကိုကြောက်ရသည့်အပြင်
နန်းထိုက်တော်ဝင်ကိုလည်း မယ်ကြောက်ရသည်။
ထိုက်နဲ့သူမက မိန်းကလေးချင်းဆိုသော်ငြား
tomboyဖြစ်သူထိုက်က အရှိန်အဝါနဲ့ပင်။

"အန်တီ့ကြောင့်ဆိုရင်တော့ အပြင်မှာနေစရာမလိုပါဘူး
သားရယ်.."

"အဲ့​ေ-ာက်ပါးစပ်က သားလို့မခေါ်ဖို့
ဘယ်နခါပြောရမှာလဲ"

"မင်းမရိုင်းစိုင်းစမ်းနဲ့"

မိန်းမကိုထိတော့ မယားချစ်ဦးဇာနည်တော်ဝင်က
အထိမခံရွှေပန်းကန်ဆောင်ပုဒ်ဆောင်ကာဝင်ပြောလာသည်။

"ဖေဖေ့မြေးကို မပြောတော့ဘူးလား"

ထိပ်ဆုံးမှာအစားအသောက်မပျက်ထိုင်စားနေတဲ့
ဦးမင်းတော်ဝင်ကသားဖြစ်သူအပြောကို
အရေးတယူလုပ်ပြီး ပြန်ဖြေခြင်းမရှိပေ။

"တကယ်ဆို ကိုကြီးက ကိုကြီးမိန်းမကို
ဘာမှမပြောဖို့ပြောထားရမှာမဟုတ်ဘူးလား"

တစ်လျှောက်လုံးငြိမ်နေတဲ့ ဒေါ်မြတ်ပန်းတော်ဝင်က
ဝင်ပြောလာသည်။သူမယောက်ျားဦးခန့်ညားမောင်ကတော့
ဦးမင်းတော်ဝင်အတိုင်း ဘာမှဝင်ပြောလာခြင်းမရှိပေ။မြတ်ပန်းတော်ဝင်ဆိုသောသူမသည်
ဦးမင်းတော်ဝင်ရဲ့သမီးအငယ်ဖြစ်ကာ
ဦးဇာနည်တော်ဝင်ရဲ့ညီမဖြစ်ပြီး တစ်နည်းအားဖြင့်
တော်ဝင်ယောက်ျား(Royal)ရဲ့အဒေါ်၊
နန်းထိုက်တော်ဝင်နဲ့နိုဘယ်တော်ဝင်တို့ရဲ့အမေပင်ဖြစ်သည်။
တစ်အိမ်လုံးမှာအငယ်ဆုံးလေးဖြစ်သူ
"နိုဘယ်တော်ဝင်"ကတော့
ဟိုကြည့်လိုက် ဒီကြည့်လိုက်နဲ့ပင်။

ROYAL HUSBAND Where stories live. Discover now