20

56.7K 4.1K 44
                                    

"အပြင်မှာနေတာ အဆင်ပြေရဲ့လား"

ပန်းကန်ထဲကအသားကိုခက်ရင်းနှင့်ထိုးဆွနေတုန်း
ခုံရှည်ထိပ်ကထိုင်နေသော အဘိုးကိုလှမ်းကြည့်လိုက်တော့
တစ်ခြားသူတွေရောပါကြည့်လာကြသည်။

"ဒီအိမ်မှာထက် အဲ့မှာပိုပြီးနေပျော်ပါတယ်"

သူ့စကားအဆုံးမျက်နှာချင်းဆိုင်မှာထိုင်နေတဲ့
ဦးဇာနည်တော်ဝင်က မျက်နှာပျက်သွားလေသည်။
အမှန်အတိုင်းပြောလိုက်တာကို အဲ့လောက်ထိ
မျက်နှာပျက်စရာလိုလို့လား...။

"နေပျော်သလောက်နေပြီးရင် အိမ်ပြန်လာတော့"

ထိုစကားကိုတော့ ဦးဇာနည်ကသူ့သားကိုကြည့်ကာ
ပြောလာခြင်းပင်။သူ့စကားကြောင့် Royalက
မဲ့ပြုံးပြုံးကာ

"တစ်သက်လုံး အဲဲ့ဒီမှာနေပျော်ရင်ရော"

"တော်ဝင်ယောက်ျား!!"

ဦးဇာနည်ပုံစံကိုကြည့်ယုံနှင့် ဘာတွေသိထားသလဲ
ဆိုတာ သူရိပ်မိနေလေပြီ။ဥပမာ..အလှလေးကို
သူသဘောကျနေတာကိုပေါ့။

"မင်းအသက်ငယ်တော့တာမဟုတ်ဘူး၊
လုပ်ငန်းလည်း အတည်တကျရှိနေပြီပဲ၊
အိမ်ထောင်ပြုဖို့အချိန်တန်ပြီ"

"ပြုမှာပါ၊ကျွန်တော်ချစ်တဲ့သူနဲ့၊
တစ်သက်လုံးတစ်ယောက်တည်းနေသွားမယ်လို့လည်း
ဘယ်သူ့ကိုမှ မပြောဖူးပါဘူး"

သားအဖနှစ်ယောက်စကားနိုင်လုနေကြခြင်းကို
မည်သူကမှ ဝင်မပြောလာကြချေ။
မသိသလိုပြုကာဖြင့် ထမင်းစား​နေကြလေသည်။

"မင်းနဲ့သင့်တော်မယ့်မိန်းကလေး ငါတွေ့ထားတယ်"

"ဟက်"

Royalက မထိတထိရယ်သံဖြင့်တုံ့ပြန်လာသော်ငြား
ထမင်းစားနေတဲ့သူတွေကတော့ ခေါင်းမော့ကြည့်လာ
ကြသည်။ဒေါ်မိုးကလျာမျက်နှာက ကျေနပ်နေတဲ့အရိပ်
အယောင်တွေမြင်နေရပေမယ့် သူယောင်မယ်ကတော့
ခဏတာမော့ကြည့်ပြီးအကြာ သူနဲ့မဆိုင်သလိုပင်
နေလိုက်သည်။တကယ်လည်း သူမနဲ့မဆိုင်ဘဲ...။

"ကျွန်တော့်ကို ဒုတိယဦးဇာနည်တော်ဝင်
ဖြစ်စေချင်နေတာတော့ မဟုတ်ဘူးမလား"

ROYAL HUSBAND Where stories live. Discover now