36

51K 3.5K 44
                                    

"ကျွန်မက ပြီးပြည့်စုံတဲ့လူတစ်ယောက်မဟုတ်ဘူး"

"ကိုယ်လည်းပြီးပြည့်စုံတာမှမဟုတ်တာ"

"ကျွန်မက အရင်ကမကောင်းခဲ့ဘူး"

"ခုကောင်းရင် ရပြီ"

"ကျွန်မက...."

"မင်းဘယ်လိုလူဖြစ်ဖြစ် ကိုယ်လက်ခံနိုင်တာမို့
ကိုယ့်ကိုကိုယ်ချိုးနှိမ်ပြီး မပြောပါနဲ့လား"

စိတ်လှုပ်ရှားဟန်လက်နှစ်ဖက်ကိုဆုပ်ညစ်ကာဆိုနေသော
မယ်ကြောင့် ချစ်ရသူစိတ်သက်သာစေရန်သူဖြေလျော့ပေးမိသည်။

"တကယ်တော့...တကယ်တော့လေ....
ကျွန်မက ရှင့်အချစ်နဲ့မထိုက်တန်တဲ့လူတစ်ယောက်ပါ"

"ဘယ်သူပြောလဲ...
မယ်ကကိုယ့်အချစ်နဲ့မထိုက်တန်ပါဘူးလို့၊
ကိုယ်ကတော့ ရှင်းရှင်းပဲ၊
မယ်မှကိုယ့်ကိုလက်မခံရင် ကိုယ်ကတော့တစ်သက်လုံး
လူပျိုကြီးဖြစ်တော့မှာ"

သူရထက်နိုင်က စကားကိုပိုပိုသာသာဆိုမိတော့
သူယောင်မယ်ကရှက်ရွံစွာခေါင်းငုံ့သွားလေသည်။

"အမှန်အတိုင်းဝန်ခံရရင် မယ်Royalရှိတဲ့barကို
ရောက်လာတတ်ကတည်းက ကိုယ်မယ့်ကိုသဘောကျခဲ့တာ၊
နောက်ပိုင်း သဘောကျယုံအဆင့်ကနေ ချစ်မိသွားတယ်၊
မယ် ကိုယ့်Companyမှာအလုပ်လာလျှောက်တော့
ကိုယ်အရမ်းပျော်ခဲ့တာ"

လူကိုရှေ့ထားကာ ချစ်ကြောင်းဆိုနေသူကြောင့်
မယ်အကြည့်တွေလွှဲကာ စားပွဲပေါ်ကရေခွက်ယူပြီး
မော့သောက်လိုက်သည်။

"မယ် ကိုယ့်ကိုလက်ခံလာနိုင်တဲ့အထိကိုယ်စောင့်နိုင်ပါတယ်၊
အဆုံးသတ်မှာ မယ်သာကိုယ့်ကိုရွေးချယ်ခဲ့ရင်
ကိုယ်အရမ်းပျော်မိမှာ"

"တကယ်တော့ မယ်အခုလိုကိုသူရကိုချိန်းလိုက်တာက
ကိုသူရအတွက် မယ့်အဖြေကိုပြောချင်လို့ပါ"

မယ့်စကားအဆုံး သူရထက်နိုင်စိတ်လှုပ်ရှားသွားလေသည်။
ကိုယ်ချစ်ရသူဆီကအဖြေရတော့မယ့်အချိန်စိတ်လှုပ်ရှားတာ
ပုံမှန်ပဲမဟုတ်လား။

"မယ်...မယ်လည်း ကိုသူရကို ချစ်..ချစ်ပါတယ်"

အဖြေပြောပြီး ရှက်ရွံ့စွာခေါင်းငုံ့ထားမိသည်။
အချိန်အတော်ကြာအောင် ကိုသူရထံမှဘာစကားသံမှ
ထွက်မလာသဖြင့် သူမခေါင်းမော့ကြည့်လိုက်တော့
ကိုသူရက မယ့်ကိုကြောင်အမ်းစွာကြည့်နေလေသည်။

ROYAL HUSBAND Where stories live. Discover now