15

14.9K 2.2K 134
                                    

{Unicode}

"လူပုံလယ်တွင်အရှက်ကွဲခြင်း"

ယဲ့ထင်သည် ရန်ကျားလိ၏ ကုတင်ဘေးမှာ ထိုင်နေရင်း အချိန်အတော်ကြာ အတွေးကမ္ဘာထဲ နစ်မြောနေခဲ့သည်။

ရန်ကျားလိ၏ လိလိမ္မာမ္မာနှင့် အိပ်မောကျနေသော မျက်နှာလေးကိုကြည့်နေရင်း နှလုံးသားထဲတွင် တစ်ချက်ကလေး ခုန်လှုပ်သွားသည်။ တက္ကသိုလ် အချိန်တုန်းက ကျောင်းပြင်ပမှာ ရန်ကျားလိနှင့် အတူတူနေရင်း ဖြတ်သန်းခဲ့သည့် ကာလများကိုပင် သတိရလာသည်။

ထိုကာလများသည် ပြန်လည် လွမ်းဆွတ် အမှတ်ရ တမ်းတဖို့အတွက် ထိုက်တန်သည့် နေ့ရက်ကလေးများ ဖြစ်ခဲ့သည်။ 

အတန်းဆင်းလျှင် သူက ရန်ကျားလိကို ခေါ်ပြီးမှ အိမ်ပြန်လာတတ်သည်။ သူ့မှာ ကျောင်းစာအပြင် ပရောဂျက်တစ်ခု ကိုင်တွယ်ရန်နှင့် စီးပွားရေး လုပ်ငန်းများဖြင့်လည်း အလုပ်ရှုပ်နေတတ်သော်လည်း ရန်ကျားလိကတော့ ပျော်ပျော်နေတတ်သည့် လူရွှင်တော်လေးတစ်ယောက်လို သူ့ဘေးနားတွင် ရွှတ်နောက်နောက်နှင့် ကလူကျီဆယ်ကာ အနှောင့်အယှက်များ ပေးနေတတ်သည်။

ညနေချမ်း၏ ကန့်လန့်ကာကို ဖယ်ရှားလိုက်ပြီဆိုလျှင် အပြင်ဘက်မှ အိမ်ထောင်ပေါင်းများစွာသည်လည်း ထိန်ထိန်သာနေသော အလင်းရောင်များနှင့် ထွန်းလင်းတောက်ပလာသည်။ ထိုအချိန်မျိုးဆိုလျှင် သူတို့နှစ်ယောက်သည်လည်း မည်သူတစ်ဦး တစ်ယောက်မျှ မနှောင့်ယှက်နိုင်သော ကိုယ်ပိုင်နေရာလေးတွင် ရှိနေကြတော့မည်။ လိင်တူချစ်သူ ဖြစ်ရခြင်းကို ဂရုစိုက်ရန်မလိုသလို အတန်းဖော်များနှင့် ဆရာ၊ ဆရာမများ၏ ထင်မြင်ယူဆချက်များကိုလည်း စိတ်၀င်စားနေစရာ မလိုခဲ့ပေ။

သူသည်လည်း မထီမဲ့မြင်ပြုခံရခြင်းနှင့် တားမြစ်ကန့်သတ်ချက်များ အားလုံးကို ကျော်ဖြတ်ကာ တစ်နေ့တာလုံး ပိုလျှံနေသော စွမ်းအင်များနှင့် တဟီးဟီး တဟားဟား ရယ်မောနေသော ရန်ကျားလိကို ဖမ်းဆုပ်လိုက်ပြီး သေချင်သွားလောက်သည်အထိ ဇောက်ထိုးမိုးမျှော်ဖြစ်အောင် လုပ်ပေးလိုက်ဦးမည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now