[61]

1.9K 329 5
                                    

[Unicode]

အခန်း(၆၁):Heaven-bending Brother နှင့် ခန့်ညားတဲ့ ဒါရိုက်တာကြီး


"အောက်ထပ်မှာရှိ​နေတဲ့လူက မင်းကိုတစ်သက်လုံးကောင်းကောင်းမွန်မွန်ဆက်ဆံလိမ့်မယ်ဆိုတာ မင်းသေချာလား? " မမျှော်လင့်ဘဲ ဟန်​ဝေသည် ဆုနိုအား ဒေါသတကြီး အော်ဟစ်ခြင်းမပြုခဲ့ပေ။

".......တစ်သက်လုံးဆိုတဲ့ ကာလအ​ပေါ်မှာ ကျွန်တော် မသေချာပါဘူး" ဆုနိုသည် မေးခွန်းကြောင့် အနည်းငယ်အံ့သြသွားပြီး သူ ဆက်၍ ပြောလိုက်သည်။ "ဒါပေမယ့်ဘာပဲဖြစ်ဖြစ် ကျွန်တော် အဲ့ဒီအ​ပေါ်မှာ လောင်း​ကြေးထပ် ကြည့်ချင်တယ်"

"မင်းလောင်းတာ ရှုံးသွားရင် ဘယ်လိုလုပ်မလဲ?" ဟန်ဝေသည် ဆုနို၏ဆံပင်လေး​တွေကို သပ်​ပေးလိုက်သည်။

"ဒါဆိုရင် ကျွန်တော် ကံမကောင်းဘူးလို့ပြောနိုင်တာပေါ့" ဆုနို သူ့အစ်ကိုကြီးကို ရဲရင့်သည့်မျက်ဝန်းများဖြင့် မော့ကြည့်လိုက်ရင်း သူ ဆက်​ပြောလိုက်သည်။ "ကျေးဇူးပြုပြီး ကျွန်​တော့်ကို ဒီအခွင့်အရေးလေးပေးလို့ရမလား? "

"မင်းက နာမည်ကြီးမော်ဒယ်တစ်ယောက်ဖြစ်​နေတာကလွဲရင် သူ မင်းအ​ကြောင်း တခြားဘာ​​တွေကိုသိသေးလဲ?" ဟန်ဝေသည် ကူကယ်ရာမဲ့စွာဖြင့် ဆက်​ပြောလိုက်သည်။ "လူနှစ်ယောက် အတူနေဖို့ အခြေခံအကျဆုံးက တစ်ယောက်နဲ့တစ်ယောက် နားလည်မှုပေးနိုင်ဖို့ပဲ။မင်းသူ့ကို ဘယ်လောက်သိတယ်ဆိုတာကို ဘေးဖယ်ပြီး မင်းအကြောင်းကိုရော သူဘယ်လောက်သိလဲ? မင်းရဲ့မိသားစု၊ မင်းရဲ့နောက်ခံ၊ သူက မင်းအကြောင်းဘာမှမသိဘူး။ ဒီလိုဆက်ဆံရေးမျိုးက တစ်သက်လုံးကြာရှည်အောင် ဘယ်လို ထိန်းသွားနိုင်မှာလဲ?"

"......ဒါဆိုရင် အစ်ကိုကြီးက မာ​ကျောက်​လုပ်ငန်းနဲ့ အသက်မွေးဝမ်း​ကျောင်း မလုပ်​တော့ဘူးလို့ သူ့ကို ပြောလိုက်မယ်!" ဆုနို ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။

"မင်းက အရွယ်ရောက်နေပြီ။ မင်းကိုယ်တိုင်စဉ်းစားသင့်တယ်" ဟန်​ဝေသည် ဆုနို၏အဝတ်အစား​တွေကို သပ်ရပ်​အောင် ပြင်​ပေး​နေရင်း ပြောလိုက်သည်။ ထို့နောက် သူ ဆက်လက်၍ "အချိန်တိုင်း က​လေးဆန်ဆန် ဝုန်းဒိုင်းကြဲပြီး ပြသာနာ​တွေကိုဖြေရှင်းနေလို့မရဘူး။မင်း နားလည်ရဲ့လား?"

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now