[62]

2K 327 9
                                    

[Unicode]

အခန်း(၆၂):သွားဖာတာက စိတ်ရှုပ်စရာနှင့် အိမ်ကို အတူတူပြန်ကြရ​အောင်


သူနာပြုဆရာမက သူ့နာမည်ကိုခေါ်ဖို့စောင့်နေစဉ်အတွင်း ဆုနိုသည် ဆေးခန်းမှာ ဓါတ်အား​ပေး မလုံ​လောက်တာတို့ ပြီး​တော့  မီးပန်းဆိုင်းကြီး ရုတ်တရက်ပြုတ်ကျလာတို့ မ​​မျှော်လင့်ထားသည့် ကိစ္စ​တွေ ဖြစ်လာဖို့ကို အရူးအမူးမျှော်လင့်​နေသည်.....
သို့သော် သူကသာ အတွေးတွေရှိနေတာ တကယ်ဖြစ်မလာနိုင်​ချေ!!

"ဘယ်လိုဖြစ်လို့ သူတို့က မကြောက်ကြတာလဲ?" ဆုနိုသည် သူ့ဘေးကလူတွေကို ကြည့်လိုက်သည်။ ပတ်ဝန်းကျင်သည် သဟဇာတဖြစ်မှုနှင့်အတူ ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေသည်။ ဆုနိုက ဒီလူတွေကို လုံး၀နားမလည်နိုင်ပေ။သူက​ဖြင့် သန့်စင်ခန်းထဲကို သွားတာ လေးကြိမ်မြောက် ဖြစ်နေပြီ!

“ မင်းက စိတ်ပူ​နေတာကိုး။ ဆေးခန်းပြပြီးရင် ကိုယ်တို့ အရသာရှိတာ​တွေ သွားစားကြမယ်​လေ” အိုးရန်လုံ သူ့ကိုနှစ်သိမ့်လိုက်သည်။

"ဒါရိုက်တာကြီးက သွားဆေးခန်း မပြဖူးဘူးဆိုတာသိသာတယ်။ "
ဆုနိုသည် အစားအ​သောက်ကို စိတ်ဝင်စားမှုမရှိတာက အလွန်ရှားပါးပါသည်၊ "ကျွန်​တော်ပါးစပ်က ဆေးအရသာတွေနဲ့ပြည့်နေမှာ။ အဲ့ဒီလိုမစားနိုင်ဘူး!"

၎င်းသည် အစားအ​သောက်အရသာ​တွေကို ပျက်စီးစေပြီး အစွန်းအထင်းဖြစ်စေသည်။ သွားဆရာဝန်များသည် တကယ့်ကိုမကောင်းဆိုးဝါးတွေပင်။ သူတို့က အခြားသူများ၏ပါးစပ်တစ်ဝိုက်မှာ စက်သံ​တွေနဲ့ဆူညံစေရုံသာမက စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ ဆေးတွေနဲ့ပါ အစားအ​သောက်နိုင်ငံကိုပါ တိုက်ခိုက်ကြသည်။

အရမ်းများနေပြီ! ဒီလိုအပြစ်တွေ​ကြောင့် သူတို့ကိုခွင့်မလွှတ်နိုင်ဘူး !!!

ဆုနိုသည် တွေးလေလေ သူပိုစိတ်ဆိုးလေလေဖြစ်သည်။

အိုးရန်လုံ သူ့ကို နှစ်သိမ့်​ပေးလိုက်​လိုက်သည်။ "ကိုယ်  မင်းနဲ့အတူ အခန်းထဲလိုက်ခဲ့ပေးမယ်လေ"

ဒါဖြစ်လာမှာမဟုတ်ဘူး! ဆုနို ပြတ်ပြတ်သားသားငြင်းလိုက်သည်။ "မလိုက်နဲ့"

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now