[63]

1.8K 329 9
                                    

[Unicode]

အခန်း(၆၃):ဝန်ခံခြင်းနှင့် လက်ထပ်ခြင်းအဆိုပြုလွှာ


"လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ အကိုကျီရန် အဲဒီကိုသွားသေးတယ်မလား?" ထန်​ရှောင်းယွီ မေးလိုက်သည်က Today မဂ္ဂဇင်းအတွက် ရိုက်ကူး​ရေးအ​ကြောင်းကို ပြော​နေတာပဲ ဖြစ်သည်။

"ခံစားချက်တွေက မတူဘူးလေ" ချိုးကျီယန် အောက်ထပ်သို့ဆင်းရန် ဓါတ်​လှေကား ခလုတ်ကိုနှိပ်လိုက်သည်။ "ပြီးခဲ့တဲ့တစ်​ခေါက်တုန်း မီဒီယာအတွက်ကြော်ငြာရိုက်ကူးဖို့ သွားခဲ့တာ။ ဒီညသွားတာက ပြဇာတ်ကို ရှု့စားဖို့​လေ"

"ဒါဆို ကျွန်တော် အိမ်အရင်ပြန်နှင့်လို့ရမလား?" ထန်​ရှောင်းယွီ မေးလိုက်သည်။

"မရဘူး" မစ္စတာချိုး ငြင်းလိုက်သည်။

"ဒါပေမယ့် ကျွန်တော် ပြဇာတ်တွေကို စိတ်မ၀င်စားဘူး" ထိုစကားကိုကြားပြီးနောက် ထန်​ရှောင်းယွီ စိတ်ဓာတ်ကျသွားရသည်။

"ဟာသက အရမ်းရယ်ရတယ်လို့ကြားတယ်။ မင်းအစကနေ အဆုံးအထိရယ်နေရမှာ" ချိုးကျီယန်က​တော့ စိတ်ရှည်လက်ရှည် ချော့​မော့ ဆွယ်​နေသည်။ "ကိုယ်တို့ အဲ့ဒီကို အပန်းဖြေဖို့သွားကြတာပေါ့"

ထန်​ရှောင်းယွီ သူ့ကို ဆွံ့အလျက် ကြည့်လိုက်ပြီး "ဒီနေ့ပဲ ကျွန်တော့် ဖုန်းထဲကနေ အဲ့တာနဲ့ ပတ်သက်ပြီး သတင်းတွေ့တယ်။ ပရိသတ်တွေက သူတို့ကြည့်နေရင်းတောင် ငိုရတယ်တဲ့"

"သူတို့မှာ ဟာသဆဲလ်တွေမရှိလို့ပဲ​နေမယ်" ချိုးကျီယန်  အရှက်မဲ့စွာပြန်ဖြေသည်။

ထို့ကြောင့် အစစ်အမှန်နံပါတ် ၁ ဖြစ်ဖို့အရေးအကြီးဆုံးက မျက်နှာအ​ရေထူဖို့ပဲ။ ဒါ တကယ်အရေးကြီးတယ်!

ဓာတ်လှေကားသည် မြေအောက်ထပ် ၁ သို့ရောက်သွားသည်။ တခြားသူများမှာ အချိန်ပိုအလုပ်လုပ်နေဆဲဖြစ်သောကြောင့် ကားပါကင်သည် လူရှင်း​နေ​လေသည်။ လမ်းလျှောက်နေစဉ်တွင် မစ္စတာချိုး ပြောလိုက်သည်။ "ဒီဒဏ္ဍာရီကို မင်းကြားဖူးလား?"

"ဘာကိုလဲ?" ထန်​ရှောင်းယွီ ထူးဆန်းသည်မို့ မေးလိုက်သည်။

"ညသန်းခေါင်ယံအချိန် ကားပါကင်မှာ ငိုနေတဲ့အသံကို မင်းကြားရလိမ့်မယ်ဆိုတာ​လေ " ချိုးကျီယန်သည် တိတ်တိတ်​နေရန် လက်ဖြင့် အချက်ပြလိုက်ပြီး "ကောင်းပြီ။ ဂရုတစိုက် နားထောင်ကြည့်"

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now