[64]

1.8K 318 2
                                    

[Unicode]

အခန်း(၆၄):အိမ်ယာ​မြေရဲ့ ပြော​ရေးဆိုခွင့်ရှိသူ

လက်ထပ်ခွင့်တောင်းတဲ့ကိစ္စက ရုတ်တရက်ကြီးဖြစ်သွားတဲ့အတွက်  ကျုံးလီဖုန်းပိုင်သည် တစ်နာရီလုံးလုံးအချိန်ယူခဲ့ရပေမယ့်လည်း ဒီကိစ္စကိုလုံးလုံးလျားလျားမချေဖျက်နိုင်ခဲ့ပေ။

မုချိုးသည်လည်း အလျင်စလိုမလုပ်ပေ။ သူ ကျုံးလီဖုန်းပိုင်ကိုပွေ့ဖက်ထားပြီး နမ်းနေသည်မှာ ခဏခဏပါပဲ! အံ့သြမှင်တက်နေသည့် ကျုံးလီဖုန်းပိုင်လေးက အလွန်ပင် ချစ်စရာကောင်းသည်ဟုထင်မြင်မိပြီး ဒီလိုပဲ ဆက်သွား​နေမယ်ဆိုရင်​​တောင် သူစိတ်ထဲမထား​ပေ။

ဒါမှမဟုတ် ကျုံးလီဖုန်းပိုင်ရဲ့ ဒီလိုပုံစံ​လေးကို အရမ်းသဘောကျနေလို့ပဲလား!

"ဒါရိုက်တာ!” ခဏအကြာတွင် သူ့ရဲ့လက်ထောက်သည် တံခါးခေါက်လာပြန်သည်။ အမှန်တော့ သူမ တံခါးမခေါက်ချင်ပါဘူး။ လူတွေကို နှောင့်ယှက်တာမျိုးက အရမ်းဆိုးတဲ့ ကိစ္စဖြစ်ပြီး သူမကို မြင်းကန်တာ ခံရနိုင်သည့်မကောင်းတဲ့ကံတွေ ရနိုင်သည်။ သို့သော် ချိုးကျီယန် ရောက်နေပြီဖြစ်သောကြောင့် သူမမှာ ရွေးချယ်စရာလမ်းမရှိတော့ပါ။

"ဘာဖြစ်လို့လဲ?" ကျုံးလီဖုန်းပိုင်တွင် ခွန်အားတစ်စက်မှ မကျန်တော့ပေ။

စိတ်ဓာတ်ကျနေတဲ့အသံကိုကြားရတော့ လက်ထောက်ကောင်မလေးက ပိုလို့ပင် အပြစ်ရှိသလိုခံစားလိုက်ရသည်။ ဒါရိုက်တာက အခုအရမ်းပင်ပန်းနေလိမ့်မယ်။ သူ့ချစ်သူဆီက​နေ ချစ်ခင်စွာ နှိပ်ပေး​​နေတာကို လက်ခံနေရမှာ။ ဒါပေမယ့် သူမက မအူမလည်နဲ့သူတို့ကို နှောင့်ယှက်ခဲ့သည်။ ခွင့်မလွှတ်နိုင်သည့် ကိစ္စတစ်ခုခုလုပ်မိလိုက်သည့်အတွက် သူမကိုယ် သူမ ကျိန်ဆဲလိုက်သည်။

"သွားကြည့်လိုက်​လေ " ကျုံးလီဖုန်းပိုင်သည် မုချိုးကိုသွားခိုင်းလိုက်သည်။

ဥက္ကဌမုက ကျုံးလီဖုန်းပိုင်ကို ဆိုဖာပေါ်မှာ တင်လိုက်ပြီး မတ်တပ်ရပ်ကာ တံခါးဆီ ဦးတည်လိုက်သည်။

ဒါရိုက်တာကျုံးက​တော့ ဆိုဖာလက်ရန်းပေါ်သို့ လဲကျသွားသည်။ အားနည်းသော်လည်း သွေးပူသည့်အနုပညာရှင်တစ်ဦးအနေနှင့် သူသည် “ အိမ်ထောင်သည်” ဟူသောစကား၌ နှစ်မြုပ်နေဆဲဖြစ်သည်။ သူ ကြောင်အ​နေရပြီး အားနည်းခဲ့ရသည်။ ခုတင်ပဲ နွေး​​ထွေး​သည့် ရင်ငွေ့ကို ဆုံးရှုံးလိုက်ရတာ​ကြောင့် သူ သဘာဝကျကျပင် အားနည်းတယ်ဆိုတာထက်​တောင် ပိုပြီး အားနည်းသွားရသည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now