[66]

1.8K 301 10
                                    

[Unicode]

အခန်း(၆၆):ဒါရိုက်တာကျုံး ဖြစ်ပုံရတယ်!

မည်သူမဆို လေယာဉ်တစ်စီးပေါ်တွင် ဆယ်နာရီထက် မနည်း ကုန်ဆုံးရတာက အလွန်ပင် သက်​တောင့်သက်သာရှိလိမ့်မည် မဟုတ်ပေ။ဆုနိုသည်လည်း ခြွင်းချက်မဟုတ်ပါ။ သူ့တင်ပါးက နာကျင်နေသလို ခံစားရသည်။ နောက်တော့ သူ့ခါးက နာကျင်လာပြန်​ရော။ သူသည် တစ်ကိုယ်လုံး မသက်မသာခံစားနေရပြီး ခဏလောက်မတ်တတ်ရပ်ရန်လိုနေပြီဟု ခံစားလိုက်ရသည်။ ဟန်ဝေသည်လည်း သူ့ရဲ့လှုပ်ရှားမှုများကြောင့် ခေါင်းမူးသွားပြီး မျက်နှာဖုံးကိုတပ်ကာ အိပ်ပျော်သွားတော့သည်။ ထို့ကြောင့် ဆုနိုသည် ပိုပျင်းလာသလို ခံစားလိုက်ရပြီး သူ့ဘေးရှိလူအားလုံးကို စိတ်ပျက်စွာကြည့်လိုက်သည်။

"ထိုင်လေ" အိုးရန်လုံသည် ထိုင်ခုံကို ညွှန်ပြလိုက်သည်။

"ကျွန်တော်တင်ပါးက နာနေတယ်" ဆုနိုက နူးညံ့ချိုသာသည့်အသံလေးဖြင့် ညည်းညူပြသည်။

မစ္စတာဒါရိုက်တာက သူ့အိတ်ကပ်ထဲရှိသကြားလုံးတစ်ဘူး ထုတ်လိုက်သည်။

ဆု​ရှောင်းနို၏မျက်လုံးများက ချက်ချင်းပင် လင်းလက်သွားသည်။

"မနေ့က ကိုယ် ပေါ့ပေါ့ပါးပါးတစ်ခုခု စားဖို့အတွက် ကော်ဖီဆိုင်ကိုသွားခဲ့တယ်။ ဒီအရသာက မဆိုးဘူး ထင်လို့ ကိုယ်ဝယ်လာခဲ့တာ" အိုးရန်လုံသည် သကြားလုံးဘူး​လေးကို ကမ်းပေးလိုက်သည်။
"စားကြည့်ပါလား? "

ဆု​ရှောင်းနိုသည် ချက်ချင်းထိုင်လိုက်ပြီး ဘူးကိုဖွင့်ရန်အာရုံစိုက်လိုက်သည်။

မွှေးကြိုင်သည့် နို့နှင့်သီဟိုလ်စေ့လှော်တို့နှင့်အတူ အချိုပေါ့​ပေါ့ သကြားလုံးလေးသည် ချိုမြိန်လွန်းလို့ ဒီထက်​ကောင်းသည့် အရသာပင် မရှိ​တော့သလိုပင်! ဆုနို၏ပူပန်သောကခံစားချက်အဖုံဖုံသည် ချက်ချင်းပျောက်ကွယ်သွားပြီး ရှဉ့်ငယ်လေးကဲ့သို့ သူ့မျက်နှာထား​လေးက ပေါ်လာသည်။

"မနက်ဖြန်ဆို ကိုယ်တို့ရောက်ပြီ။ မင်း ကိုယ်နဲ့အိမ်ပြန်ချင်လား? " အိုးရန်လုံ မေးလိုက်သည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now