#Unicode
"Taehyung ... Miya နဲ့အတူနေ့လည်စာစားကြမလား"
"အင်းစားကြတာပေါ့"
အတန်းပြီးတော့ Miya နဲ့အတူနေ့လည်စာစားဖြစ်ကြသည်။
Miya က ဟင်းတွေအများကြီးထည့်ပေးနေတာမို့ Taehyung တားယူရတဲ့အထိပင်။"Miya ရပါပြီ.. အများကြီးပဲဖြစ်နေပြီ"
"Taehyung ကိုစားစေချင်လို့ပါ"
"ကျေးဇူးပါနော်"
"Miya တို့ကသူငယ်ချင်းတွေပဲဟာကို"
Taehyung ပြုံးလိုက်သည်။
"Jungkook ... ထမင်းကိုဖြောင့်ဖြောင့်စားပါကွာ.. ဘာလို့အရှေ့ကိုပဲလိုက်ကြည့်နေတာလဲ"
"မင်းမတွေ့ဘူးလား Miwoo...Daegu မျောက်ကဟိုမှာသာယာနေတာလေ"
Miwooက Taehyung တို့ဝိုင်းကိုကျောပေးပြီးထိုင်နေတာမို့မမြင်ရ။
အနောက်ကိုလှည့်ကြည့်လိုက်တော့ ကျောင်းရဲ့ Queen Miya နဲ့ Taehyung ကထမင်းအတူထိုင်စားနေကြတာဖြစ်သည်။
ရယ်မောပျော်ရွှင်စွာစားသောက်နေကြပြီးသူတို့ကိုတောင်သတိထားမိပုံမရ။"Jeon Jungkook တို့ J ဝင်နေပါပြီ... မင်း Taehyung ကိုချစ်နေတာဝန်ခံလိုက်စမ်းပါ"
"မချစ်ပါဘူး"
"မချစ်တဲ့သူကလဲအရမ်းတွေသဝန်တိုနေတယ်နော်"
"သဝန်တိုတယ်? ဘယ်သူကတိုနေလို့လဲ"
"မင်းရဲ့ဖြစ်ပျက်နေတဲ့ပုံကသိပ်ပြီးမသိသာဘူးဆိုတော့လေ .."
"ငါက သူဖောက်ပြန်နေတာမျိုးကိုမလိုလားတာ"
"Haha .. ဟုတ်မှလဲပြောပါကွာ။ မင်းရဲ့အမူအရာတွေကလိမ်လို့မရအောင်ပေါ်နေတယ်သိလား"
"တိုးတိုးနေစမ်းပါ"
တစ်စုံတစ်ယောက်ကသူမအားစူစိုက်ကြည့်နေသလိုလိုခံစားရ၍ Miya အနောက်ကိုလှည့်ကြည့်လိုက်သည်။
ခက်ရင်းဖြင့်အသားတွေကိုထိုးစိုက်ကာသူမအား သတ်မည့်ဖြတ်မည့်နှယ်ကြည့်နေတဲ့သူကြောင့် Miya လန့်ပင်လန့်မိသည်။
Miya ကြည့်နေတဲ့ဘက်ကို Taehyung ကြည့်၍ သက်ပြင်းချကာ
"သူက ကျွန်တော့်အမျိုးသားပါ"
![](https://img.wattpad.com/cover/284451119-288-k279449.jpg)
YOU ARE READING
Daegu Vs Busan(Completed)
FanfictionWarning- စာစရေးတဲ့အချိန်က အရေးအသားဖြစ်လို့ မသေသပ်ပါဘူး ။ဖတ်လို့အဆင်ပြေရုံပဲရှိပါတယ် ။ ခဏတာဘဝအမောတွေပြေချင်ရင်တော့ လာဖတ်ပြီး ရယ်မောလို့ရပါတယ်💙 ♡︎Start date= 8.9.2021 End date=27.10.2021