Extra 2

3.5K 423 19
                                    

"Tae...အချစ်.. ကိုယ့်ကိုယ် စိတ်ဆိုးနေတုန်းပဲလားကွာ ပြောပါအုံး "

Jungkook တစ်ယောက် အနောက်ကနေပြီး Taehyung ရဲ့ခါးကို တင်းကျပ်စွာသိုင်းဖက်၍ ကပ်ချွဲနေတာဖြစ်သည် ။

"ဖယ်ပါ အခုမှလာပြီး ဘာမှပြောမနေနဲ့"

Taehyung အမှန်တကယ် စိတ်မဆိုးတော့ဘဲ မူနေတာဖြစ်သည် ။
ဘာပဲဖြစ်ဖြစ် Jungkook ချော့တာကိုသူခံချင်သည် ။

"Tae... ကိုယ်လေ နောက်ဆိုရင် Tae မကြိုက်တာ ဘာမှမလုပ်တော့ဘူး ။ ကိုယ်ကတိပေးတယ်။ Tae ကိုလဲ အမြဲတမ်း အလျှော့ပေးမယ် ... "

Taehyung ... Jungkook ကို စူပုတ်ပုတ်ဖြင့်ကြည့်လိုက်ပြီး

"သေချာလား .. မင်းငါ့ကိုထပ်ပြီး အနိုင်ကျင့်တာနဲ့ ငါမင်းကို ကွာရှင်းမှာနော် Busan အုန်းသီး"

ထိုစကားကြောင့် Jungkook ၏ မျက်နှာ သုန်မှုန်သွားသည် ။

"Tae ကကွာ အဲ့လိုစကားတွေမပြောပါနဲ့ဆို ။ ကိုယ် တကယ်မခံစားနိုင်ဘူး"

"ဟွန်း... ဒါဆိုရင် ငါ့အပေါ် အနိုင်မယူနဲ့လေ .. ငါမှားမှား ငါမှန်မှန် ငါပဲအမြဲမှန်ရမယ် "

"အင်းပါ .. အင်းပါ ။ Tae ပဲအမြဲမှန်တယ် ..ကျေနပ်ပြီလား"

ထိုတော့မှ Taehyung က ကျေနပ်စွာပြုံးသည်။

"အဟမ်း... စိတ်ဆိုးလဲပြေပြီဆိုတော့ ကိုယ်တို့ အိပ်ကြရအောင်"

ပြီတီတီ မျက်နှာဘေးနှင့် ပြောနေသည့် Jungkook ကို Taehyung မျက်စောင်းထိုးလိုက်ပြီး Jungkook ၏ ဗိုက်ကိုဆွဲလိမ်ကာ

"ဒါလောက်ပဲတွေးနေတာလား Jeon Jungkook "

"အ.. နာတယ် Tae ရဲ့"

"Busan အုန်းသီး နှာဘူးလေးကို အပြစ်ပေးတာလေ"

"ဒါဆိုရင် ကိုယ်ကလဲ Daegu မျောက်ကလေးကို စားတော့မယ် .. လာခဲ့"

"Yarr...ဘာမှမဆိုင်ဘူးလေ! Jeon Jungkook ငါ့ကို လွှတ်!!"

**

"မင်းတို့ ဘာအလုပ်လုပ်ဖို့ စိတ်ကူးထားကြလဲ .. ဒီအတိုင်းနေပြီး မိဘတွေလုပ်စာကိုထိုင်စားနေလို့တော့မရဘူးလေ"

"ဟုတ်တယ် .. အလုပ်လေးတစ်ခုခုလုပ်ဖို့ တွေးကြအုံး"

Yoongi ၏ အပြောကို Jimin ကပါ ထောက်ခံ၍ ပြောသည် ။

Daegu Vs Busan(Completed)Where stories live. Discover now