15(Final)

16.4K 1.4K 231
                                    

#Unicode

"မကွဲနိုင်ဘူးဆိုတော့မင်းတို့ကဘာဖြစ်ချင်ကြတာလဲ... တစ်ယောက်ကိုတစ်ယောက်ဒုက္ခပေးပြီးဆက်နေကြမလို့လား"

Jk-"ကျွန်တော် Taehyung ကိုလုံးဝအနိုင်မယူတော့ပါဘူး... ရန်လဲမဖြစ်တော့ဘူး ။ ကျွန်တော်သူနဲ့မကွာနိုင်လို့ပါ"

Tae-"သားလဲ Jungkook ကို ပြဿနာမရှာတော့ဘူး... Jungkook မရှိပဲမနေနိုင်ဘူး"

Taehyung ရဲ့omma က အလျှော့ပေးချင်ပုံမရသေး

"ငါကသဘောမတူပေးတော့ဘူးဆိုရင်ရော"

ကလေးတွေကိုစနေတဲ့ Taehyung ရဲ့ omma ကို appa ဖြစ်သူက

"ကဲ..တော်ပါတော့မိန်းမရယ်။ကလေးတွေကို မစပါနဲ့တော့.. ကဲမင်းတို့လဲအခန်းထဲသွားနားလိုက်တော့"

Appa ရဲ့ခွင့်ပြုချက်ရတာနဲ့ Taehyung ကပြုံး၍ Jungkook ရဲ့လက်ကိုဆွဲကာခေါ်သွားလေသည် ။

Taehyung's omma-" တတ်လဲတတ်နိုင်တဲ့ဟာတွေ"

Appa-"ဟားဟား... ကလေးတွေဆိုတော့ဒီလိုပါပဲအချစ်စမ်းနေကြတာလေ"

....

"ငါမင်းကိုပြန်မတွေ့ရတော့ဘူးထင်နေတာ။မင်းနဲ့တကယ်ဝေးရပြီထင်နေတာ Daegu မျောက်ရယ်..."

Jungkook ကသူ့ကိုဖက်၍ငိုနေတာမို့ Taehyung ကလဲ Jungkook ကိုပြန်ပွေ့ဖက်ကာ

"ငါလဲမင်းကိုအရမ်းလွမ်းနေခဲ့တာ... အီးဟီး .. မင်းကိုရိုက်မိလို့လဲငါနောင်တရနေတာ"

"ငါတို့အဲ့တာတွေကိုမေ့လိုက်ကြရအောင်နော်"

"အင်း.. ငါတို့ဘယ်တော့မှရန်ထပ်ပြီးမဖြစ်တော့ဘူးနော် Busan အုန်းသီး"

"ငါမင်းကိုချစ်တယ် Daegu မျောက်... မင်းနဲ့ခဏလေးတောင်ငါမခွဲနိုင်ဘူး ။ ဘယ်ကနေ စချစ်သွားမှန်းမသိပေမယ့်ငါမင်းကိုအရမ်းချစ်တယ်"

"အီးဟီး ငါလဲမင်းကိုအရမ်းချစ်တယ်~မင်းကအရမ်း အမြင်ကတ်ဖို့ကောင်းပေမယ့်ငါမင်းကိုဘယ်လိုလုပ်ချစ်မိသွားလဲမသိဘူး ။ ငါမင်းကိုချစ်တယ် "

"ငါ့အတွက်မင်းလုပ်ပေးစရာတစ်ခုကျန်နေသေးတာမင်းမှတ်မိတယ်မို့လား"

Taehyung ကခေါင်းငြိမ့်ပြသည်။

"ငါအခုပြောမယ်~ငါ့ကိုသစ္စာရှိရှိနဲ့ထာဝရချစ်ပေးပါ"

Daegu Vs Busan(Completed)Where stories live. Discover now