[67]

1.7K 289 3
                                    

[Unicode]

အခန်း(၆၇):စိတ်ထွေပြား​နေရသည့် ဒါရိုက်တာ နှင့် အလုပ်ရှုပ်​နေသည့် အစ်ကိုကြီး

အားနည်းသည့်စာပေသမားတစ်ဦးအနေဖြင့် ကျုံးလီဖုန်းပိုင်၏ရုပ်ပိုင်းဆိုင်ရာလက္ခဏာများသည် ချစ်စဖွယ် ကောင်းမှုမှာ အနုတ်သဘောဆောင်သည်။သူသည် ယခင်ကဆိုလျှင် အပြေးပြိုင်ပွဲတွေမှာ​တောင် ဝင်မပြိုင်ဖူးခဲ့ပေ။ သို့သော်လည်း ယုန်တစ်ကောင်က လန့်သွားရင်တောင် အကိုက်ခံရနိုင်သေးတာပဲ။ ဒါကြောင့် ဒါရိုက်တာကျုံးသည် မီတာတစ်ထောင်လောက်ထိကို မြန်မြန်ပြေးနိုင်လေသည်။

“ရပ်စမ်း!” လူရမ်းကားတစုသည် အုတ်ခဲများနှင့်သစ်သားတုတ်များကိုကိုင်လျက် လိုက်လံဖမ်းဆီးကြသည်။ သူတို့သည် လူသတ်လိုသည့် ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

ကျုံးလီဖုန်းပိုင်က သူ ပြိုလဲသွားတော့သလိုခံစားလိုက်ရသည်။

သူက ဘာလို့များ အိမ်မှာပျော်ပျော်ရွှင်ရွှင်မနေဘဲနဲ့ ခွေးတစ်ကောင် ၀ယ်ဖို့ထွက်လာရတာလဲ?

မနေ့ကကိစ္စအားလုံးရဲ့အစက ရိုးရှင်းပါသည်။ မ​နေ့က ကျုံးလီဖုန်းပိုင်သည် အလုပ်စောစောဆင်းခဲ့သည်။ ထို့ကြောင့် သူသည် မုချိုးနှင့်ရင်ခုန်စရာကောင်းတဲ့ ဖယောင်းတိုင်မီးထွန်းထားသည့် ညစာစားပွဲသို့ သွားရန်ဆုံးဖြတ်ခဲ့သည်။ သူတို့သည် လှပတဲ့ရေပန်းတွေကို ရှူ့စားကာ စားသောက်ဆိုင်၌ တီးခတ်​နေသည့် တေးဂီတသံများကို နားစွင့်ခဲ့ကြသည်။

ထို့နောက် သူတို့နှစ်ဦးသား ရေကန်ထဲမှာ နှစ်လိုဖွယ်ကောင်းသည့် ရေ​အောက် massage ဖြင့်နှိပ်နယ်ဖို့အတွက် အိမ်ပြန်သွားကြပြီး ရှည်လျားထွေပြားသည့် အနမ်းများကို အတူတကွဝေမျှခဲ့ကြသည်။ နောက်ဆုံးတော့ သူတို့က အိပ်ရာပေါ်လှဲပြီး အလုပ်တွေလုပ်ကြ​တော့သည်။ လုံးဝ full set ပဲ!

ဟုတ်ပါတယ်။ အထက်ပါ ပြောခဲ့တဲ့ အချက်တွေအားလုံးက အ​ရေးမကြီးပါဘူး! လိင်ဆက်ဆံပြီးနောက်မှသာ အရေးကြီးတဲ့ အပိုင်းပင်။ မုချိုးသည် ကျုံးလီဖုန်းပိုင်ကို သူ့ရင်ခွင်ထဲတွင် ပွေ့ဖက်ထားပြီး သူ့ကိုပျော်ရွှင်စေဖို့ရာ ချိုမြိန်တဲ့ကိစ္စ​လေးတွေကိုပြောခဲ့ကြသည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now