17

13.9K 2.2K 86
                                    

{Unicode}

"မင်းရဲ့မျက်နှာကိုမော့လိုက်"

အနက်ရောင် စီးပွားရေးသုံး ကားတစ်စီးဟာ စံအိမ်၏ တံခါးရှေ့ဝယ် ရပ်တန့်ထားသည်။

ဒရိုင်ဘာသည် ကား၏ အနောက်ခန်း တံခါးကို ဖွင့်လိုက်ကာ ခါးကိုင်းပြီး အနောက်ခုံမှာ ထိုင်နေရင်း စာရွက်စာတမ်းများ ဖတ်ရှူနေသည့် ယဲ့ထင်ကို ပြောသည်။

"ဥက္ကဌယဲ့၊ ဝမ်နန်စံအိမ်ကို ရောက်ပါပြီ။ အပြင်မှာ နှင်းနည်းနည်းကျနေလို့ ကျေးဇူးပြုပြီး သတိထားပါ"

ယဲ့ထင်က ခေါင်းမော့ပြီး အပြင်ဘက်ကို ကြည့်လိုက်ကာ ခေါင်းငြိမ့်ပြသည်။

ဒရိုင်ဘာက ဆက်မေးလာသည်။

"ညစာပါတီ ပြီးတဲ့အထိ ကျွန်တော် ဒီမှာပဲ စောင့်နေရမလားဗျ"

ယဲ့ထင်သည် ကောင်းကင်ယံမှ ကျဆင်းလာသော ဝါဂွမ်းကဲ့သို့ နူးညံ့နေသည့် နှင်းစက်များကို မျက်လုံးများ မှေးစင်းပြီး ကြည့်လိုက်သည်။ ထူထပ်နေသည့် တိမ်တိုက်များကို ကြည့်ခြင်းအားဖြင့် ထိုနှင်းထုကြီးသည် တစ်ခဏနှင့် ရပ်တန့်သွားမည့်ပုံ မပေါ်ပေ။ ခဏအကြာတွင် ပိုမိုသည်းထန်ကောင်း သည်းထန်လာနိုင်သေးသည်။

သူသည် အနောက်တိုင်းဝတ်စုံ အပေါ်ထပ်ကို သေချာသပ်ရပ်အောင် ပြင်လိုက်ကာ နက်ခ်တိုင်ကို စနစ်ကျအောင် ကျပ်ကျပ်ကလေး စီးလိုက်ပြီး ကားမောင်းသူကို ညွှန်ကြားသည်။

"မင်းက ဖျော်ဖြေရေး စင်တာကို သွားပြီး ရန်ကျားလိ အစမ်းလေ့ကျင့်တာ  ပြီးတဲ့ထိစောင့်၊ ပြီးရင် သူ့ကို ကြိုလာပြီး ဒီစံအိမ်ရဲ့ လှေကားအောက်မှာ စောင့်နေ၊ ငါပြီးတဲ့အခါကျရင် အတူတူပြန်မယ်"

ကားမောင်းသူက အသံတိုးတိုးဖြင့် ကောင်းပါပြီဟု ပြန်ဖြေသည်။

ယဲ့ထင်သည် စားပွဲထိုး၏ လမ်းညွှန်မှုဖြင့် ဝမ်နမ်စံအိမ်သို့ ၀င်လာသည်။

တံခါး တွန်းဖွင့်လိုက်သောအခါ ကျယ်ဝန်းပြီး အနုပညာ လက်ရာမြောက်သော သီးသန့်အခန်း၌ နာမည်ကြီး ရင်းနှီးမြုပ်နှံသူများ ဝိုင်းဖွဲ့ ထိုင်နေကြပြီဖြစ်သည်။ သူဌေးကြီးများ၊ သြဇာအာဏာ ကြီးမားသောလူများသည် အရက်ဒဏ်ကြောင့် မျက်နှာသာမက နားရွက်များပါ နီမြန်းနေပြီဖြစ်သည်။ အဖော်သောက်ပေးရန် အခေါ်ခံထားရသော အနုပညာကြယ်ပွင့် အမျိုးသား၊ အမျိုးသမီးများသည်ပင် လှပသော မျက်နှာထက်၌ အပြုံးများသာ ပြည့်နှက်နေပြီး ကလန်ကဆန်လုပ်ဖို့ မဝံ့ရဲကြပေ။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now