20

15.3K 2.4K 209
                                    

{Unicode}

"လိမ္မာရမယ်နော် သိပြီလား"

ရန်ကျားလိသည် ရီဝေစွာနှင့် လေးပင်နေသော ခေါင်းကို ခါယမ်းလိုက်သည်။

သူသည် ကိုယ်သောက်နိုင်သည့် ပမာဏကို သိသည့်အတွက် ထိုသို့ ညစာစားပွဲများတွင် မိမိကိုယ်မိမိ ထိန်းချုပ်ပြီး အသိစိတ် ကျန်သေးသည် အထိသာ သောက်သည်။

သို့သော် ယနေ့သောက်နေရသော ဝိုင်မှာ ပုံမှန်ဟုတ်မနေပေ။ သောက်လိုက်ချိန်မှာ မည်သို့သော ခံစားမှုမှ မခံစားရသော်လည်း နောက်ဆက်တွဲမှာတော့ အတော်လေး ကွဲပြားသည်။ သူသည်လည်း ထိုမျှဒလဟောကြီး သောက်လိုက်မိသည် မထင်သော်လည်း ယခုအချိန်တွင်မူ မူးဝေမှုက သူ့ခေါင်းထဲအထိပင် ရိပ်တက်လာသည်။

တိတ်တိတ်ကလေး လက်ဆန့်ထုတ်ပြီး မျက်နှာပေါ် စမ်းကြည့်သောအခါ လက်ဖဝါး တစ်ပြင်လုံး ခြစ်ခြစ်တောက် ပူလောင်သွားရသည်။

နံဘေးမှ ဝဖန့်နေသော သူဌေးက လက်ရှိအချိန်ထိ သူ့ခွက်ထဲ အရက်များ သွန်ထည့်ပေးနေဆဲပင်။

"လာ၊ နောက်ထပ် တစ်ခွက်လောက် သောက်လိုက်ဦး။ ဒီနေ့တော့ ကိုယ့်ကိုအဖော်ပြုပြီး ပျော်ပျော်ရွှင်ရွှင် သောက်ပေးရမယ်နော်"

ရန်ကျားလိသည် မျက်ခွံများကို ထိန်းထားရန် အစွမ်းကုန် ကြိုးစားနေရပြီး အနည်းငယ် ခံရခက်သော ဆင်းရဲဒုက္ခများ ခံစားနေရသည်။

အံကြိတ်ပြီး နောက်ထပ်တစ်ခွက် သောက်လိုက်သောအခါ ထိုဝဖိုင့်နေသော သူဌေးက ထပ်ပြီးလောင်းထည့်ချင်နေသေးသည်။ ရန်ကျားလိက ကမန်းကတန်း ငြင်းဆိုလိုက်ပြီး ဆင်ခြေတစ်ခုပေးကာ ယိုင်တိယိုင်တိုင်နှင့် သန့်စင်ခန်းထဲ ရောက်သွားသည်။

နံရံကို အမှီသဟဲပြုကာ သန့်စင်ခန်းထဲ ဝင်လိုက်ပြီး ဘေစင်ရှေ့ ရပ်လိုက်သည်။

အယ်ကိုဟော၏ နောက်ဆက်တွဲ ပြဿနာများသည် တစ်ဆင့်ပြီး တစ်ဆင့် ထိုးတက်လာသည်။ တစ်ကြိမ်ထက် တစ်ကြိမ် ပိုပြီးတော့လည်း ပြင်းထန်လာသေးသည်။

ရန်ကျားလိသည် နံရံကို မှီထားပြီး အားနည်းနေသော ခန္ဓာကိုယ်၊ နောက်ဆုံးသော အသိစိတ် လက်ကျန်လေးနှင့် အိတ်ကပ်ထဲမှ ဖုန်းကိုထုတ်ကာ တဆတ်ဆတ် တုန်နေရင်းနှင့် လီတာ့၏ နံပါတ်ကိုရှာကာ ဆက်သွယ်လိုက်သည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now