[68]

1.7K 281 1
                                    

[Unicode]

အခန်း(၆၈):အတူတူ စားကြရ​အောင်နှင့် ညတာရှည်တဲ့ ညတစ်ညပါပဲ

အိုးရန်လုံသည် အလွန်အားကောင်းလာသည်နှင့်အမျှ သူသည် ဆုနို၏ 'crackers delivery plan' ကိုလုံးလုံးလျားလျားနှောင့်နှေးစေခဲ့သည်။ ဆုနိုသည် နေ့လယ်စာ စားခါနီးမှသာ နိုးလာတော့သည်။

"နာနေ​သေးလား?" အိုးရန်လုံသည် ကုတင်အစွန်းတွင် ထိုင်နေသည်။

ဆုနို ညည်းညူရင်း ညည်းညူနေတော့သည်။
ကျွန်တော့်ခါးသေးသေးလေးက နာကျင်နေရတယ်!
သူ့လူကြီးက တကယ်ကိုရန်လိုတတ်တာပဲ။ သူက လုံးဝကို မစ္စတာရန်လိုပဲ!!

"ကိုယ် မင်းအတွက် အရသာရှိတဲ့ ကြက်သားဆန်ပြုတ်ဝယ်လာခဲ့တယ်" အိုးရန်လုံသည် ဆုနိုရဲ့ အတွင်းခံဘောင်းဘီလေးကို ကူပြီး ချွတ်ပေးလိုက်သည်။

ဆုနို၏ နားရွက်များက ပူထူပြီးနီလာသည်။ သူတို့က အရင်းနှီးဆုံးကိစ္စတွေကိုလုပ်ခဲ့ပြီးပြီဆိုပေမယ့်လည်း သူ့တင်ပါးလေးကိုပြတာက သူ့ကိုနည်းနည်းတော့ရှက်ရွံ့စေတုန်းပဲ။

"မင်း ရေနွေးနဲ့ရေချိုးလိုက်ရင် ပိုအဆင်ပြေသွားလိမ့်မယ်" အိုးရန်လုံသည် သူ့ကိုရေချိုးခန်းထဲ ခေါ်သွားပြီး "မင်း ကိုယ့်ကိုကူညီပေး​စေချင်လား? "

ဒါမျိုး မဖြစ်ရဘူး!! ဆုနို ခေါင်းယမ်းလိုက်သည်။

ဆုနို ငြင်းပယ်လိုက်ရခြင်းမှာ ပြီးခဲ့တဲ့တစ်​ခေါက်တုန်းက သူ့ကို ကူညီခိုင်းလိုက်တုန်းကလည်း ကုတင်ပေါ်မှာပဲ ထပ်အဆုံးသတ်သွားရတာ​ကြောင့်ပဲ!သူ့ရဲ့ နူးညံ့သိမ်မွေ့တဲ့ ဂန္ဓမာပန်း​လေးက ဒါမျိုးကို ထပ်ပြီး သည်းမခံနိုင်တော့ဘူး!

“ကောင်းပြီ။ ကိုယ် မင်းအတွက် ပြန်​နွေး​​ပေးထားမယ်" အိုးရန်လုံသည် နဖူးပေါ်ကို နမ်းလိုက်ပြီး အလိုလိုက် ချစ်ခင်မှုရဲ့အမှတ်အသားကို ပြသလိုက်သည်။

ဆု​နိုသည် ကြောင်ပိုင်ရှင်က ကြောင်ဗိုက်လေးကိုပွတ်​ပေးခံလိုက်ရသည့် ကြောင်တစ်ကောင်ကဲ့သို့ပင် ရုတ်တရက် အလွန်ပျော်ရွှင်ပြီး ကျေနပ်အားရနေပါသည်။ သူ့မျက်လုံးများက ပျော်ရွှင်ခြင်းများဖြင့် မှုန်ဝါးသွားလေသည်...။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now