[70]

1.5K 257 2
                                    

[Unicode]

အခန်း(၇၀):ကာစီနို သမိုင်း​ကြောင်းနှင့် ခွေး​လေး ရခဲ့ပြီ

Spa သွားရတာ ပျင်းစရာကောင်းလွန်းတာကြောင့် ဒီလိုအချိန်မျိုးမှာ အချစ်ဇာတ်လမ်းကို ဖတ်ရတာ အကောင်းဆုံးပါပဲ။

ဆုနိုသည် ကုတင်ပေါ်တွင် လှဲလျောင်းနေရင်း ဖုန်းကို အားရပါးရ ထုတ်ယူလိုက်သည်။

ဆုနို ထင်ထားသလိုပဲ စာရေးသူက အပိုင်းသစ်ထပ်တင်ထားပြီး အခန်းက ရှည်ပြီး သိပ်သည်းသည်။

အချစ်ဇာတ်လမ်းရဲ့ အနှစ်သာရတွေက လူတွေရဲ့ခံစားချက်တွေကို ရစ်ဝဲစေတယ်လို့ ထင်ပါသလား?

မှားပါတယ်! အနှစ်သာရတွေက တကယ့်ကို ပရမ်းပတာဖြစ်ခဲ့ရပါတယ်!

ဒါကို လုံးဝမမျှော်လင့်ထားမိဘူး!

ဆုနိုနိုနှင့် အိုးရန်ကျင်းလုံတို့ အဆင်​ပြေသွားပြီးနောက် သူတို့နှစ်ဦးသည် တစ်ယောက်နှင့်တစ်ယောက် ပျော်ရွှင်စွာ နေထိုင်လာကြသည်။ သူတို့ရဲ့နေ့စဉ်ဘဝတွေဟာ အေးချမ်းသာယာပြီး နန်းတော်ထဲက ငွေခေါင်းလောင်းလို ရယ်မောသံတွေနဲ့ ပြည့်နှက်နေတော့သည်။ ရယ်မောသံတွေက ပျော်ရွှင်မှုတွေကြောင့် ဖြစ်လာပုံ​ပင်.......လူတိုင်းက မနာလိုဖြစ်မိကြတယ်!

ကျန်တဲ့ ပိုးပန်းသူတွေကတော့ ကိုယ့်မျက်နှာကို ကုတ်နေလိုက်ရုံပါပဲ။ ဒီလိုလှပပြီး နူးညံ့သိမ်မွေ့တဲ့ ပန်းတစ်ပွင့်ကို တခြားလူလက်ထဲကို ထားပေးလိုက်ရတာကို ဘယ်သူက အဆင်ပြေမှာလဲ!

ဒီလိုနဲ့ တစ်ညမှာတော့ ကံကြမ္မာမုန်တိုင်းတစ်ခု ရုတ်တရက်ရောက်လာပါတော့သည်။ အဲ့တာက​တော့ ဆုနိုနို ပျောက်သွားတာပါပဲ။ ရေကန်ထဲသို့ ကျလာသည့် မိုးရေတစ်စက်ကဲ့သို့ ခြေရာမရှိ ပျောက်သွားတာပဲဖြစ်သည်။

"ဘာတွေပဲဖြစ်​နေပါ​စေ နို ကိုရ​အောင် ပြန်​​ခေါ်​လာခဲ့မယ်​!" အိုးရန်ကျင်းလုံသည် ဒေါသမီးများဖြင် ပြည့်နှက်နေသဖြင့် စိတ်တွေလွတ်ထွက်ကုန်သွား
သည်။ သူ့ခန္ဓာကိုယ်က ရုတ်တရက် ဆန့်ထွက်သွားပြီး သူ့အဝတ်အစားတွေက ပြာအဖြစ်သို့ ပြောင်းလဲသွားကာ ရုတ်တရက် ရွှေရောင်အလင်းတန်းတွေ လျှံတက်လာပြီး သူ့အရေပြားပေါ်မှာ ရွှေရောင်အကြေးခွံတွေ ပေါ်လာတော့သည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now