[71]

1.6K 270 7
                                    

[Unicode]

အခန်း(၇၁):သဟဇာတရှိသည့် ဘဝ​လေး နှင့် အထိတ်တလန့်ဖြစ်သွားရသည့် မုချိုး


ပြင်သစ်အနမ်းက ရှည်လွန်းနေတာကြောင့် သူတို့နှစ်ယောက်သည် နောက်ဆုံးတော့ တစ်ယောက်နဲ့တစ်ယောက် လက်လွှတ်လိုက်ရပြီ။ Samoyed သည် ကြမ်းပြင်ပေါ်တွင် လှဲချလိုက်ပြီး သူ့ရဲ့အရုပ်တွေနှင့် ကစားဖို့ကို ပြန်အာရုံစိုက်လာတော့သည်။

"နာမည်ပေးရအောင်!" ဆုနို စိတ်လှုပ်ရှားစွာပြောလိုက်သည်။

"မနက်​ဖြန်​ကျမှ ကိုယ်တို့​ပြောကြမယ်​လေ" ပြင်းပြင်းရှရှအနမ်းလေး ပေးပြီးရင် လုပ်ရမယ့်အရာက ခွေးတစ်​ယောက်နဲ့ကစားမယ် ဆိုတာ လုံးဝကိုမသက်ဆိုင်ပါဘူး...

"ချိုးချိုးလို့ ပေးရင်​ရော ဘယ်လိုလဲ? " ဆုနိုသည် ခွေးဘေးနားတွင် ဝပ်နေ၏။

"ဘာလို့ ချိုးချိုးလဲ?" မစ္စတာဒါရိုက်တာသည် တခဏအတွင်း ဒေါသတကြီး ဖြစ်သွားရသည်။

"ဒါဆို ကျွန်တော်တို့က သူ့ကို ဟန်ပန်းလေးလို့ ခေါ်လို့ရတယ်လေ။" ဆုနိုက ပြန်ပြောသည်။

"အဲဒါက ဘယ်လိုတောင် တုံးအတဲ့ နာမည်ကြီးလဲ။" အိုးရန်လုံ မျက်မှောင်ကြုတ်လိုက်သည်။

"ဟန်ပန်းလေးက ဘယ်လိုမျိုး တုံးအ​နေလို့လဲ???" ဆုနိုသည် အသက်ရှုကြပ်မတက် ရေရွတ်ရင်း စိတ်ဆိုးသွားသည်။

"ဘာပြောလိုက်တာလဲ?" အိုးရန်လုံ သူ့ပြောလိုက်သည်ကို ရှင်းရှင်းလင်းလင်း မကြားလိုက်ရ​ပေ။

“ကျွန်တော် ဘာမှ မပြောပါဘူး” ဆုနိုက ခေါင်းခါသည်။ ငါမပြောနိုင်ပါဘူး! မစ္စတာဒါရိုက်တာက ငါ​ပြောတာ​​တွေကို ကြားသွားရင် အရိုက်ခံရနိုင်တယ်!

"ဒီလိုမျိုး နာမည်ပေးတယ်ဆိုတာက ဆုံးဖြတ်ပေးဖို့ အချိန်လိုတယ်။ အလျင်စလို လုပ်လို့ရဘူး" အိုးရန်လုံသည် စိတ်ရင်းစေတနာအပြည့်နဲ့ ဆုနိုကို ကောက်ပွေ့ချီလိုက်သည်။

“ဒါပေမယ့် ကျွန်တော် ခွေး​လေးနဲ့ ကစားချင်သေးတယ်” ဆုနိုသည် Samoyedကို ကြည့်ဖို့ သူ့လည်ပင်းကို ဆန့်တန်းလိုက်သည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now