part 5

2.6K 157 3
                                    


နှင်းယုနဲ့ချိန်းထားသည့် နွေဦးကံ့ကော်သို့ သဲထွက်လာခဲ့လိုက်သည်။

"ကောင်မ ငြိမ်ချက်သားကောင်းနေတယ်"

ဆိုင်ကိုရောက်တာနှင့် အနှင်းကသဲကိုပြောတော့သည်။

"ငြိမ်ရမယ်လေ ငါလဲအပ်ထည်တွေနဲ့လုံးချာလည်နေတာ အားမှမအားပဲ"

"အင်း ဒါနဲ့ငါတို့မေဇင်ကြီးတောင်စွံတော့မယ်နော်"

"ဟမ်...တစ်ကယ်၊နင်နောက်နေတာတော့မဟုတ်ကောင်း"

မေဇင်ဆိုတာ သဲတို့သူငယ်ချင်းတွေထဲမှာ အရိုးဆုံးအအေးဆုံးဖြစ်တဲ့အပြင် ချစ်သူလဲရှိတယ်မကြားမိတာကြောင့် သဲအံ့ဩနေသည်။

"တစ်ကယ်ဟ နောက်လဆိုရင်ယူကြတော့မှာ ကိုနေနဲ့လေ၊အဲ့ဒီကိုနေနဲ့ဘယ်အချိန်ကတည်းကကြိုက်လာခဲ့ကြမှန်းကိုမသိဘူး အဲ့နှစ်ယောက်ကတစ်ကယ်ပဲ..."

"aww"

ကိုနေနဲ့ဆိုတော့ မေဇင်အဆင်ပြေလောက်မှာပါလေ။သူတို့က 1st yearစတက်ကတည်းကခင်လာကြတဲ့သူတွေဆိုတော့ မေဇင်အတွက်သဲစိတ်ပူစရာမလိုတော့ပေ။

"ဒါနဲ့အနှင်း ငါမမနန်းကိုချစ်မိနေပြီ"

အဆက်အစပ်မရှိ သဲကပြောလာသည်။

"ဟုတ်လား "

အနှင်း ကြည့်ရတာအံ့ဩပုံလဲမရပေ။

"အနှင်း နင်မအံ့ဩဘူးလား၊ငါကမိန်းမတစ်ယောက်ကိုချစ်မိနေတယ်ဆိုတာ"

"ဘာအံ့ဩဩစရာရှိလို့လဲ နင်ကအမြဲတမ်းယောက်ျားတွေကိုသဘောမကျခဲ့ဘူး ယောက်ျားတွေရဲ့အချစ်ကိုအယုံအကြည်မရှိခဲ့ဘူး မဟုတ်လား အဲ့တော့နင်ကမိန်းမတစ်ယောက်ကိုချစ်မ်ိနေတာမထူးဆန်းပါဘူး"

အနှင်းပြောတာလဲ ဟုတ်သလိုရှိသားပဲ။

"သဲသဲ နင်အဲ့ဒါဆိုဘာဆက်လုပ်မှာလဲ အဲ့ဒီအစ်မကရောနင့်အပေါ်ဘယ်လိုလဲ"

"အင်း မငါ့အပေါ်ကောင်းပါတယ် ၊ခုနကလဲ မကသူ့သူငယ်ချင်းရှေ့မှာ ငါ့ကိုချစ်သူဆိုပြီးပြောလိုက်တယ်"

"ဟမ်...ဟုတ်လား"

"အင်း"

ဘယ်ဆိုးလို့လဲ။ဒီလောက်ဆိုအဆင်‌ပြေနိုင်တဲ့အလားအလာရှိသည်လေ။

အချစ်ဖြင့်တည်သောကမ္ဘာငယ်လေး  အချစ်ဖြင့်တည်သောကမ္ဘာငယ်လေးWhere stories live. Discover now