part 11

2.4K 142 1
                                    

သင်္ကြန်အကြတ်နေ့ရောက်ခဲ့ပြီမို့ သဲပျော်နေသည်။ဒီနေ့မနဲ့နမ္မတီးချောင်းသာကိုသွားလည်ရတော့မည်။

"သဲ အရမ်းပျော်နေတာလား"

ဒီနေ့သဲရဲ့"မ"ကအဖြူနဲ့အပန်းနှစ်ရောင်စပ်ရှပ်လက်ရှည်နဲ့jean pantအပြာဖျော့ဖျော့လေးကိုတွဲဝတ်ထားပြီး ခါတိုင်းမြင်‌နေကျနဲ့မတူပဲ လူငယ်ဆန်ကာချစ်ဖို့ကောင်းနေပြန်သည်။

"ဟုတ်တယ် မ"

သဲသူငယ်ချင်းတွေနဲ့အတူသွားဖို့ချိန်းထားသည်မို့ မနက်အစောကတည်းက အိမ်မှာပြင်ဆင်ပြီးစောင့်နေလိုက်ကြသည်။လူကများတော့ ၄၅မိနစ်လောက်ကြာမှလူစုံကြလေသည်။သဲသူငယ်ချင်းတွေကယောက်ျားလေးတွေရော မိန်းကလေးတွေအများကြီးဖြစ်ပြီး ဆိုင်ကယ်နဲ့သွားကြတာဖြစ်သည်။

သဲကလဲဆိုင်ကယ်နဲ့သွားချင်နေရှာသည်။ဒါပေမယ့်နန်းကစိတ်ပူလို့ဆိုင်ကယ်နဲ့မသွားဖြစ်ပေ။လမ်းမှာရေပက်ကြပြုကြနဲ့ တစ်ချို့ဆိုဆိုင်ကယ်တွေမှောက်တဲ့အထိဖြစ်တာတွေရှိတော့ နန်းစိတ်ပူသည်။ဒါကြောင့် သဲသူငယ်ချင်းတွေကဆိုင်ကယ်နဲ့ရှေ့ကသွားကြပြီး နန်းတို့ကကားနဲ့နောက်မှ ဖြေးဖြေးချင်းလိုက်သွားကြသည်။

၂နာရီလောက်မောင်းပြီးတော့မိုးကောင်းမြို့ထဲဝင်လာခဲ့သည်။မိုးကောင်းက ဆိုင်တစ်ခုမှာထမင်းဝင်စားပြီးမှ နမ္မတီးကိုဆက်လက်မောင်းနှင်ခဲ့လိုက်သည်။

၁၅မိနစ်လောက်ကြာတော့ နမ္မတီးမြို့ထဲဝင်လာသည်။အဲ့ကနေနောက်ထပ်၁၅မိနစ်လောက် ထပ်မောင်းပြီးမှ နမ္မတီးချောင်းသာသို့ရောက်လေသည်။

ဟိုကိုရောက်တော့ လူတွေမတရားစည်ကားလို့နေသည်။ရေထဲမှာ ဆောက်ထားတဲ့ဆိုင်လေးတွေအများကြီးတွေ့ရပြီး ဆိုင်တိုင်းလိုလိုလူပြည့်လို့နေသလို တစ်ဖက်ခြမ်းမှာတော့ ဘောကွင်းတွေစီးကာရေကစားနေတဲ့သူတွေကိုမြင်တွေ့ရလေသည်။

"သဲ ရောက်ပြီ "

"ပျော်စရာကြီး မ၊ဟိုဘက်မှာရေသွားဆော့ရအောင်နော်"

"အင်း သဲလေးသဘော"

ကားအပ်ထားခဲ့ပြီးတော့ သဲရဲ့သူငယ်ချင်းတွေနဲ့အတူ တံတားတစ်ဖက်ခြမ်းကိုကူးကာ ဘောကွင်းသွားငှားပြီးရေကစားဖြစ်ကြသည်။

အချစ်ဖြင့်တည်သောကမ္ဘာငယ်လေး  အချစ်ဖြင့်တည်သောကမ္ဘာငယ်လေးWhere stories live. Discover now