22

15.1K 2.4K 261
                                    

{Unicode}

"ထွက်ပြေးသွားတဲ့'ရန်´ကိုဖမ်း"

ရုံးခန်းထဲတွင် တဘတ်ဘတ် မြည်နေသော ရိုက်ခတ်သံများက အဆက်မပြတ် ကြားနေရဆဲ။

အားကောင်းမောင်းသန်သည့် သက်တော်စောင့်တစ်ယောက်က လက်မြှောက်လိုက်ပြီး နျဲ့ယွင်၏ မျက်နှာပေါ် ပြင်းပြင်းထန်ထန် ရိုက်ချလိုက်ပြန်သည်။

နျဲ့ယွင်က နာကျင်စွာ အော်ဟစ်လိုက်ပြီး ခေါင်းမော့လာချိန်တွင် နှုတ်ခမ်းထောင့်မှ သွေးနံ့ပါရလိုက်သည်။

ယဲ့ထင်သည် အရာအားလုံးကို လျစ်လျူရှူထားပြီး ဆိုဖာပေါ်မှာသာ ထိုင်မြဲထိုင်နေရင်း မျက်နှာထားမှာလည်း လှိုင်းတံပိုးများ မရှိသော ပင်လယ်ပြင်ကဲ့သို့ ငြိမ်သက်နေသည်။

ရှည်သွယ်သော လက်ချောင်းများက မဂ္ဂဇင်း စာမျက်နှာများကို မွှေနှောက်နေပြီး မပြင်းလွန်းသလို မပျော့လွန်းသော လေသံနှင့်

"ငါရပ်လို့ မပြောသေးဘူး။ ဆက်ရိုက်"

ထိုနေရာမှ သက်တော်စောင့်က သက်ပြင်းတစ်ချက် ချလိုက်ပြီး ခေါင်းလှည့်ကာ ထိတ်လန့်တုန်လှုပ်မှုများနှင့် ပြည့်နှက်နေသော နျဲ့ယွင်ကို ကြည့်လိုက်သည်။

နျဲ့ယွင်မှာ ဆက်လက် သည်းမခံနိုင်တော့ပေ။ ထို့ကြောင့် လည်ချောင်းမှ အသံများကို စုစည်းပြီး အသားကုန် အော်လိုက်သည်။

"ဥက္ကဌယဲ့၊ ဥက္ကဌယဲ့ ဒီလိုမလုပ်ပါနဲ့ဗျာ။ ကျွန်တော် ဘယ်မှာ ခင်ဗျားကို အပြစ်လုပ်ခဲ့မိလို့လဲ။ ခင်ဗျား ကျွန်တော့်ကို ပြောပါ။ ကျွန်တော် ပြင်ပါ့မယ်။ မရိုက်ပါနဲ့တော့....."

ယဲ့ထင်က သူ့ကို ကြည့်ပင် ကြည့်မလာဘဲ အေးအေးဆေးဆေးနှင့်

"ရိုက်"

နျဲ့ယွင် မတုံ့ပြန်နိုင်လိုက်ခင်မှာပဲ သူ့မျက်နှာပေါ် အားပြင်းပြင်းနှင့် ရိုက်ခံလိုက်ရပြန်သည်။

ပြီးသည်နှင့် သွေးစက်များသည် နှုတ်ခမ်းထောင့်မှ ကော်ဇောပေါ်သို့ တစ်တောက်တောက် ကျဆင်းသွားသည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now