Part 1

54.5K 1.6K 94
                                    

Uni first
Zaw sec 💛

" ကျစ်.....!!....ကျွန်တော် ခင်များကို မကြိုက်ဘူးလို့ပြောထားတယ်လေ....."

" ဟာ......ကောင်လေးကလည်း ကိုယ့်ကို အဲ့လို
ဒဲ့ကြီးမငြင်းလိုက်ပါနဲ့.......စဉ်းစား‌ေပးပါဦးဆို....."

" ကျစ်....!!...စိတ်ရှုပ်စရာတွေ......"

ပြောပြီးသူ့ကို ကျောခိုင်းလှည့်ထွက်သွားတဲ့ ခစားကို ကြည့်ပြီး သူ သက်ပြင်းခပ်တိုးတိုးလေး
ချမိလိုက်တယ်.....

သူ ကောင်လေးကိုလိုက်နေတာ 3 လရှိနေပြီ.....
ဒါပေမယ့် ကောင်လေးက သူ့ကို မျက်စိထဲတောင်မထည့်ဘူး....

သူက ချစ်နေရတဲ့ သူဆိုတော့လည်း ကိုယ့်ကို ဘယ်လိုပြောပြော မနာနိုင်ဘူးဖြစ်နေတယ်......

သူ့ချစ်ရတဲ့ ကောင်လေးနာမည်က သက်တံ့ခစား တဲ့....အသက်က 20 .....တစ်ဦးတည်းသော သားလေး..... သူ့မိဘတွေကမြန်မာနိုင်ငံရဲ့ အချမ်းသာဆုံးစာရင်းမှာ Top 4 ဝင်တယ်...

တစ်ဦးတည်းသော သားဆိုတော့ သိတဲ့အတိုင်း ဆိုးပေနေတော့တာပဲ.....သူကလည်း အဲ့ဆိုးပေနေတာလေးကို မြင်ပြီး ချစ်မိသွားတော့တာပဲ.......

မုသားက ကိုယ့်ကိုကိုယ် Gay လို့ခံယူထားတဲ့သူတစ်ယောက်....ဒါကလည်း ကောင်လေးကို တွေ့တဲ့ အချိန်ကတည်းကစပြီး ခံယူလိုက်တာ....

ဘာလို့ဆို သူ့အသက် 18 နှစ်ကတည်းက
ကောင်လေးနဲ့မတွေ့ခင်အထိ ဘယ်မိန်းကလေးမှ ရင်မခုန်ဖူးသေးဘူး....မိန်းကလေးမပြောနဲ့
ယောင်္ကျားလေး တောင်ရင်မခုန်တာ....
ကိုယ့်ကိုကိုယ်တောင် asexual လို့ထင်ခဲ့တာ....အခု ဒီကောင်လေးနဲ့ တွေ့တော့မှပဲ ......

ကျွန်တော့်နာမည်က မုသား.....အသက်က 24 ...အခုတော့ တစ်ကောင်ကြွက် ဘာလို့ဆို အဖေနဲ့အမေက မနှစ်ကပဲ ရှေ့ဆင့်နောက်ဆင့် ဆံုးပါးသွားခဲ့တာ....

မုသားတို့က အချမ်းသာကြီးမဟုတ်ပေမယ့်
မပူမပန် နေနိုင်စားနိုင်တဲ့ လူတန်းစားထဲက.....

မုသားမှာ စာအုပ်အငှားဆိုင်လေးတစ်ဆိုင်ရှိတယ်....ဒါက သူကျောင်းပြီးကတည်းက အဖေတို့အမေတို့ဆီ ခွင့်တောင်းပြီး ဖွင့်ထားခဲ့တာ......ဒီဆိုင်‌ေလးက ရတဲ့ ငွေနဲ့ပဲ သူတို့နေနိုင်စားနိုင်နေတာ......

ခစားပိုင်တဲ့ မုသားWhere stories live. Discover now