Part 5

13.7K 942 35
                                    

Uni first
Zaw sec

သူအိမ်ပြန်ရောက်တော့ အန်တီက ဧည့်ခန်းထဲမှာ TV ထိုင်ကြည့်နေလေရဲ့.....

" ကျွန်တော် ပြန်ရောက်ပါပြီအန်တီ....."

" နေပူပူကြီးကို ပြန်လာတယ် သားရယ်....ခစားကိုတော့လာမကြိုခိုင်းလိုက်ဘူး...."

" ဘာမှမဖြစ်ပါဘူးအန်တီ....ကျွန်တော် အပေါ်တက်တော့မယ်ဗျ....နေ့လည်စာလည်းမစားတော့ပါဘူးအန်တီ..."

" ဟုတ်ပါပြီရှင်....ဆာတဲ့အချိန် အောက်ဆင်း
လာခဲ့နော်...."

" ဟုတ်......"

သူအန်တီ့ကို နှုတ်ဆက်ပြီး အပေါ်ထပ်ပြန်တက်လာလိုက်တယ်....အခန်းတံခါးဖွင့်ဖွင့်ချင်း မြင်လိုက်ရတာက အိပ်မောကျနေတဲ့
ကောင်လေး......ထူးထူးဆန်းဆန်း အပြင်တွေတောင် သွားမလည်ဘူး.....မိုးတွေရွာကုန်တော့မှာပဲ....

မုသား ကုတင်ဘေးနားအသာလျှောက်သွားပြီး ...ကောင်လေးရဲ့ဘေးမှာပဲ ဝင်အိပ်လိုက်တော့တယ်.....‌ကောင်လေးရဲ့ကိုယ်သင်းနံ့လေး
ကအစ သူ့ကို ရင်ခုန်စေတာမျိုး......

မုသား ခစားရှိတဲ့ ဘက်ကို ဘေးတစောင်းလှဲ
အိပ်ကာခစားကို ကြည့်နေတော့သည်.....

" ဘာလို့ တအားချောနေရတာလဲ ကောင်လေး....ကောင်လေးကတအား‌ေချာတအားကြည့်ကောင်းနေတော့ ကိုယ်တော့ကျန်ရစ်ဖြစ်ခဲ့တော့မှာပဲ .....အဟင်းးး...."

သူ့တစ်ကိုယ်တည်းကြားရုံ တီတိုးရေရွတ်နေတုန်း ပက်လက်လန်အိပ်နေတဲ့ ခစား က မုသားအိပ်နေတဲ့ဘက် လိမ့်လာကာ သူ့ခြေထောက်တွေက မုသားခါးပေါ် လှမ်းခွတော့သည်.....

' အင့်.....'

အားဘယ်လောက်ပါမပါမသိ မုသားတောင်
အင့်ကနဲအသံထွက်ရတဲ့အထိ....

" အသက်‌တောင် 20 ရောက်နေပြီ ....အိပ်ရေးဆိုး‌ေနတုန်းပဲလား ကောင်လေးက......"

မုသားပြောရင်း သူ့ခါးပေါ်ရောက်နေတဲ့ ခစားရဲ့ခြေထောက်လေးကိုဖွဖွလေးပုတ်ပေးနေတော့သည်.....နာရီဝက်နေတော့သူပါအိပ်ပျော်သွား‌ေလတော့သည်.....

အနက်ရောင်လွင်လွင် အိပ်ယာခင်းလေးပေါ်မှာ ကောင်လေးနှစ်ယောက်က အခုချိန်ထိတော့ အေးချမ်းစွာအိပ်ပျော်နေကြလေရဲ့.......

ခစားပိုင်တဲ့ မုသားWhere stories live. Discover now