Part 19

13.1K 808 43
                                    

Uni first
Zaw sec

အခုအနေအထားကတော့ ကောင်လေးကရှေ့ကနေဆိုင်ကယ်မောင်းနေပြီး သူက အနောက်ကနေ လက်တစ်ဖက်က အပူခံဘူးကြီးကိုင်ပြီး ဆိုင်ကယ်စီးနေရခြင်း.....

မုသား ကောင်လေးရဲ့ ခါးကိုလည်း လှမ်းဖက်လို့လည်းမရတာမလို့ ပုခုံးကိုပဲ အသာကိုင်ထား
ရတယ်.....တော်သေးတာက ကောင်လေးက
အရင်ကလို ဆိုင်ကယ်ကို မြန်မြန်မောင်းမနေလို့ မဟုတ်လို့ကတော့ မုသားတို့ ခွေးကျဝက်ကျ ကျနေလိမ့်မယ့်ဖြစ်ခြင်း.....

နာရီဝက်နေတော့ ရောက်ပါပြီ သူနဲ့ ကောင်လေး ထိုက်အိမ်တော်ကို......

မုသား ဆိုင်ကယ်ရပ်တာနဲ့ ဆိုင်ကယ်ပေါ်ကဖြေးဖြေးဆင်းကာ လူခေါ်ဘဲလ်ကို တန်းနှိပ်
လိုက်တော့သည်....

' တီးတောင်....တီးတောင်....'

နှစ်ချက်နှိပ်ပြီးတာနဲ့ အိမ်ထဲက ကောင်မလေးတစ်ယောက်က ပြေးထွက်လာပြီး သူတို့ကို
တံခါးလာဖွင့်ပေးတယ်.....

" အာ.....အစ်ကိုမုသား...."

" အင်း....ညီမလေး...အန်တီတို့ ရှိတယ်ဟုတ်...."

" ဟုတ်...."

" ဟုတ်ပြီ....လာကောင်လေး ဝင်ကြစို့...."

မုသား ကောင်မလေးအပြောကို ဖြေပြီးသားနဲ့
တဆက်တည်းကောင်လေးကို အထဲဝင်ဖို့ပြော
ရပြန်တယ်....

သူတို့နှစ်ယောက် အထဲရောက်တော့ ဧည့်ခန်းထဲမှာရှိနေကြတဲ့ လူကြီးနှစ်ယောက်.....

လူရိပ်တွေ့လိုက်ကြလို့ထင်ပါရဲ့....

" ဟယ်.....သားတို့ပါလား...."

ဒေါ်သစ်မြိုင်က မုသားတို့နှစ်ယောက်ကို မြင်တော့ ဝမ်းသာအားရ ခေါ်တော့သည်....

မုသား အန်တီ့ကို ပြုံးပြလိုက်ပြီးမှ...

" ဟုတ်ကဲ့ အန်တီ.....လာလည်တာပါဗျ..."

" လာလာ....အမလေး.....‌သတိရနေတာ...."

" ဟုတ်...."

မုသားတို့ နှစ်ယောက် အနားက ဆိုဖာမှာ ဝင်ထိုင်လိုက်တော့သည်....နောက်တော့ မုသား သူ့လက်ထဲက ပါလာတဲ့ ဘူးလေး ကို ကမ်းပေးလိုက်
ပြီးတော့မှ....

ခစားပိုင်တဲ့ မုသားحيث تعيش القصص. اكتشف الآن