part 35

2K 232 0
                                    

  ."  သားတော်ကို လက်ထက်ခွင့်ပြုပါ ခမည်းတော်ခွင့်မပြုလဲသားတော်က လက်ထက်မှာပါ"

အံသြစွံအနေတဲ့ဘုရင်ကြီးအစား သတိအမြန်ဝင်တဲ့မိဖုရားကြီးက လှပစွာပြုံးရင်....

      "သားတော်ရဲ့ နှလုံးသားပိုင်ရှင်ကိုတွေ့သွားပီထင်တယ် ...ပြောပါအုံး ဘယ်အိမ်ကomegaလေးလဲ"

    "အတိုင်ပင်ခံ အမတ်ကြီးရဲ့သားငယ်ပါ မယ်မယ်."

      "အမတ်ကြီးမှာသားငယ်ရှိတာလား အမတ်ကြီးကအဖွတ်တော်တာဘဲ မယ်မယ်တို့တောင်မသိဘူး"

        "အဲကလေးက မင်းကိုလက်ထက်ချင်ရဲ့လားသားတော်"

  မင်းကြီးက သူ့သားချက်ခြင်းလက်ငင်းကြီးလက်ထက်လာချင်တဲ့အကြောင်းအရင်းကိုသိချင်တဲ့အပြင် အဲကလေးကိုယ်တိုင်ကကောလက်ထက်ချင်ရဲ့လားဆိုတာသိချင်လို့မေးခြင်းဖစ်သည်.

သူ့သားအကြောင်းသူသိတာပေါ့အရမ်းပိုင်ဆိုင်လိုစိတ်များတယ်ဆိုတာ ငယ်ငယ်ကသူ့ညီမဝမ်းကွဲဆီကယုန်လေးကိုမြင်ပီး ချစ်သွားတာကြောင့်သူ့ညီမနဲ့အပြိုင်ယုန်လေးကိုလုခဲ့တယ် သူကအနိုင်ရသွားပီးယုန်လေးကိုပိုင်ဆိုင်ခဲ့ပင်မဲ့ သူ့ရဲ့အတ္တတွေနဲ့အတူ ယုန်လေးကိုသံကြိုးတွေနဲ့ချီပီးပိတ်လှောင်ခဲ့တယ်....နောက်ဆုံးကြတော့ သူရဲ့ပိုင်ဆိုင်လိုစိတ်ကြောင့်ဘဲ ယုန်လေးသေဆုံးခဲ့သည်

အခုသူ့သားဒုတိယအကြိမ်ချုပ်နှောင်ထားချင်တဲ့ သက်ရှိလေးကိုတော့ အဲလိုအဆုံးမသတ်စေချင်....အခုဟာကယုန်ဆိုတဲ့တိရိစ္ဆာန်မဟုတ်ဘူးလေ သက်ရှိလူသား  .....ဟင်း.....အဲကလေးအတွက်သူရင်မောပါသည်..

       "သူကျွန်တော်အပိုင် ကျွန်တော်ကိုပင်လက်ထက်ရမှာ"

    ကျွန်တော်ဆိုတဲ့အသုံးအနှုန်းကြောင့်အိမ်ရှေ့စံမင်းသားဒေါသထွက်လာပီဆိုတာ နန်းဆောင် တစ်ခုလုံးရဲ့ လူတွေသိလိုက်ပါသည်

         "သူကကျွန်တော် အပိုင်  ဖစ်သွားပီ  သူကကျွန်တော်ကိုဘဲလက်ထက်ရမှာ  သွားလိုက်ပါအုံးမယ်   ခမည်းတော် နဲ့မယ်တော်"

...............

အိမ်ရှေ့စံ နန်းဆောင်

ဒုန်း::;::::::::ဂွမ်း...,(ပစ္စည်းများကောက်ပေါက်သံ).

အပိုင် (system)  အပိုင္ (system) completedWhere stories live. Discover now