23

14.9K 2.3K 146
                                    

{Unicode}

"'ရန်'ထောင်ဖမ်းခြင်း"

ရန်ကျားလိ ထွက်ပြေးလာခဲ့သည်။

လက်ထဲ အဝတ်လှန်းသည့် တုတ်ချောင်းကို ကိုင်ထားကာ တစ်လမ်းလုံး ဒယိမ်းဒယိုင်နှင့် စံအိမ်ထဲမှ ပြေးထွက်လာခဲ့သည်။

အနောက်မှ လုံခြုံရေးသမားများကလည်း လိုက်ဖမ်းနေသည်မှာ ရပ်မသွားပေ။ ရန်ကျားလိသည် ရံဖန်ရံခါ နောက်လှည့်ကြည့်လိုက်တိုင်း မြောက်မြားလှစွာသော ဖမ်းဆီးရေး အုပ်စုကြီးကိုသာတွေ့နေရသည်မို့ ထိတ်လန့်လာမိသည်။ စိတ်ထဲ၌ဝယ်___ယဲ့ထင်ဆိုတဲ့ ခွေးသူတောင်းစားကတော့ အိမ်မှာ ဘယ်လိုအဖိုးတန်တဲ့ ရတနာတွေကို ဖွက်ထားလို့ လုံခြုံရေးအစောင့်တွေကို ဒီလောက်အများကြီး ခန့်ထားရတာလဲ။

လူ့စွမ်းအား အရင်းအမြစ်ကို မလိုအပ်တဲ့ နေရာမှာ သုံးနေကြတာပဲ။

သူသည် အံတင်းတင်းကြိတ်ကာ တစ်ကိုယ်လုံးမှ ရှိသမျှ အင်အားများကို စုစည်းပြီး အရူးတပိုင်း ပြေးရတော့သည်။

မည်မျှပင် ပြေးလိုက်ရသည်မသိ အနောက်မှ လုံခြုံရေးဝန်ထမ်းများ ဆက်မလိုက်လာနိုင်တော့မှသာ ရန်ကျားလိခမျာ ခြေလှမ်းများကို ရပ်တန့်လိုက်နိုင်သည်။ သူ့လက်ထဲတွင်လည်း ဘယ်အရပ်ဒေသမှာ ရှိမှန်းမသိသော ဘတ်စ်ကားမှတ်တိုင်တန်းကို ကိုင်ထားရင်း အသက်ဝဝ ရှုသွင်းနေသည်။

စိတ်ဝိညာဥ်အား ပြန်လည်စုစည်းပြီးသည့်နောက်မှ မှတ်တိုင်ရှေ့က ခုံတန်းလျားပေါ် ဝင်ထိုင်လိုက်ပြီး ရုတ်တရက် မိန်းမောတွေဝေသွားသည်။

သူဘယ်ကို သွားရမည်ဆိုတာ မသိသလို ဘယ်သူ့ကို သွားရှာသင့်သည် ဆိုတာကိုလည်း မသိပေ။

ယဲ့ထင်ထံ၌ မည်သို့သော စိတ်နေစိတ်ထားမျိုး ရှိမှန်း သူကောင်းကောင်းကြီး သိသည် ___အငြိုးအာဃာသ ထားခြင်း၊ တစ်ယူသန်ခြင်း၊ အပေါ်ယံကြည့်လျှင် ရည်ရည်မွန်မွန်နှင့် ရိုးရိုးအေးအေးနေတတ်သူဟု ထင်ရသော်လည်း အတွင်းစိတ်မှာတော့ မိစ္ဆာတစ်ကောင်ကဲ့သို့ ယုတ်မာရက်စက်လှသည်။ သဘောကျသည့်သူကိုဆိုလျှင် နည်းလမ်းမျိုးစုံနှင့် ငုံထားမတက် ချစ်မြတ်နိုးကာ အလိုလိုက်ပေးပြီး သဘောမကျသည့်သူသာဆိုလျှင် သုံးမည့်နည်းလမ်းများက လွန်စာရက်စက်သည်ဟူသော စကားနှစ်လုံးနှင့်ပင် နှိုင်းစာ၍မရပါပေ။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now