Part 42

8.3K 599 9
                                    

<Unicode>

"ကွမ်းကွမ်း သား မံမံမစားရင် ပါးပါးမချစ်တော့ပဲနေမှာနော်"

စစ်လျန် စကားဆုံးတာနဲ့ မျက်လုံးဝိုင်းကြီးတွေနဲ့ စူးစိုက်ကြည့်ကာ...

"no..no.."

ဟု တန်းပြန်ပြောတဲ့ ဖရဲသီးလေးကြောင့် ခေါင်းခါမိလေသည်။

၉လသား baby ကွမ်းကွမ်းလေးက အခုဆို အရင်ကထက် ပိုထွားလာတဲ့အပြင် စစ်လျန်ပြောတာကိုလည်း နားလည်နေတာဖြစ်သည်။

အဲ့ပြင် ဒီအရွယ်ကလေးတွေရဲ့ သဘာဝအရ တစ်ချက်တစ်ချက် မက််တပ်ထထရပ်တပ်တာမို့ အရင်တုန်းက ခမ်းနားထည်ဝါတဲ့ စစ်လျန်တို့ ကုတင်ဟာ အခုဆို လေးဘက်လေးလံမှာ အချိတ်အဆက်ပြုလုပ်လို့ရတဲ့ ကော်ပိုက်တန်းလေးတွေ ကလေးကုတင်ကြီးအဖြစ်သို့ ပြောင်းလဲသွားပြီး တစ်အိမ်လုံးက အခင်းတွေကိုလည်း အကုန် နူးညံ့တဲ့ အခင်းတွေ အဖြစ် ‌ေပြာင်းလဲသွားပြီဖြစ်သည်။

ထိုနည်းတူ သားဟာ တစ်ခါတစ်ရံ စစ်လျန်တို့ထက် စောစီးစွာနိုးနေတက်ပြီး ကုတင်အလည်မှာ ပုံပုံလေးထိုင်နေတက်သည်။

ထိုသို့ထိုင်မနေရင်လည်း ဟိုဆွဲဒီဆွဲနှင့်  လေးဘက်ထောက်ကာ ကုတင်ခြေရင်းရှိ ကော်ပိုက်တန်းလေးရှိရာကို သွားကာ မက််တပ်ရပ်နေလေ့ရှိသည်။

တော်သေးသည်ဟုပဲဆိုရမလား ကွမ်းကွမ်းလေး ထိုသို့ထသွားတိုင်း ကုတင် လေးဘက်လေးလံ ပိုက်ကလေးတွေနဲ့ ကာရံထားတာကိုပဲ ကျေးဇူးတင်ရပေလိမ့်မယ်။

အင်း နောက်တစ်ခုကိုပြောရဦးမယ်ဆို ဖရဲသီးလေးဟာ စကားနည်းနည်းချင်းဆီပြောတက်နေပြီဖြစ်ပြီး စစ်လျန်နှင့် Darlingတို့ကို ကွဲ့ပြားစွာသိရှိနေခဲ့သည်။

ဖရဲသီးလေး၏ ပထမဆုံး စကားပြောတုန်းကဆို စစ်လျန်အား ပါး ဟူသော် ခေါ်သံဖြစ်တာကြောင့် စစ်လျန် ဝမ်းသာလွန်း၍ မျက်ရည်လည်ရွဲ ဖြစ်ခဲ့တာကို သတိရမိသေးသည်။

သို့သော် သားဟာ စကားအများကြီးသိပ်မပြောတက်သေးပေ။

သားသိတဲ့ စကားလုံးဆိုလို့ စစ်လျန်အား ပါး ဟုခေါ်တာရယ် Darlingအား ဒယ် ဟုခေါ်တာရယ်နှင့် yes,noဆိုတာလောက်သာ သေချာကွဲကွဲပြားပြား ပြောနိုင်သေးသည်။

Candy(U+Z)[Complete]Where stories live. Discover now