Chapter 31

2.6K 390 5
                                    

<Uni>

မွေးမြူရေးသမား C ၏ ကြေကွဲဖွဲဖွယ်ကောင်းသောဘဝ

ကျွန်တော် တိရစ္ဆာန်ကုဆေးကျောင်းကနေ ဘွဲ့ရခဲ့ပြီး ဖျင်ဟိုင်းတိရစ္ဆာန်ရုံကို အလုပ်သင်အဖြစ်ဝင်ရောက်ခဲ့တယ်။

ကျွန်တော်က နှိုင်းယှဥ်ကြည့်ရင် ကွဲပြားမှုမရှိတဲ့လူတစ်ယောက်ပါ။ ကျွန်တော် တိရစ္ဆာန်ရုံမှာ အသက်မွေးလုပ်ကိုင်ဖို့ မစဥ်းစားမိဘူး။ ကျွန်တော်က အလုပ်ကြိုးစားပြီး နေ့ရက်တိုင်းကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကုန်ဆုံးချင်တာပါ။

ဒါပေမဲ့ အရာရာတွေက မျှော်လင့်ထားသလိုမဟုတ်ခဲ့ဘူး။ အဲ့ဒီနေ့ ဥယျာဥ်ထဲက တိရစ္ဆာန်တွေကို ကျန်းမာရေးစစ်ဆေးပေးတဲ့နေ့ပေါ့။ လူတစ်ယောက်က ရုတ်တရက်ရေးကြီးသုတ်ပြာနဲ့ရောက်လာပြီး လူတစ်ယောက်ကိုကယ်ဖို့ ဆွဲခေါ်သွားတယ်ဗျာ။ ကျွန်တော် ပြစ်မှုအခင်းနေရာကို ဆွဲသွားခံလိုက်ရတယ်။

အဲ့ဒီမှာ စက်ပိုင်းပုံဝိုင်းနေတဲ့လူတွေရှိပြီး ဆေးသေတ္တာနဲ့ ကျွန်တော့်ကိုမြင်ကြတော့ ကျွန်တော့်အတွက် အမြန်လမ်းဖယ်ပေးကြတယ်။ ကျွန်တော် လူအုပ်ထဲကိုလျှောက်သွားလိုက်ပြီး လိုအပ်နေတဲ့လူကိုတွေ့လိုက်ရတယ်။

သူက နံရံကိုမှီထားပြီး နှဖူးမှာချွေးတွေပြန် မျက်စိကိုမှိတ်ထားပြီး နာတာကိုကျိတ်မှိတ်ခံနေပုံရတယ်။ သူရဲ့ရင်ဘတ်ခေါင်းက အထက်အောက်လှုပ်ရှားနေပြီး အသက်မှန်မှန်ရှုဖို့ကြိုးစားနေပြီး သူ့ခြေထောက်တွေက သွေးတွေနဲ့စိုစွတ်နေပေမဲ့ ကျိုးတော့ကျိုးမသွားဘူး။ ဘယ်နားကိုအနာတရဖြစ်သွားလဲဆိုတာ ကျွန်တော်မမြင်ရနိုင်ဘူး။

"ဘယ်နားကနာတာလဲ" ကျွန်တော် ဆေးသေတ္တာကိုကိုင်ရင်းနဲ့မေးလိုက်တယ်။ ကျွန်တော်က လူတွေကိုမကုတတ်တဲ့ တိရစ္ဆာန်ကုဆရာဝန်တစ်ယောက်လေ အများဆုံးတော့ အမြန်အထောက်အပံ့ပေးလို့ရတာပေါ့။

"ခြေထောက်" သူက ကျွန်တော့်ကိုပြန်ဖြေတယ်။ သူ့အသံက ​ဩရှနေတယ်။

အဓိပ္ပါယ်မရှိတာတွေ ခြေထောက်ကဆိုတာ ကျွန်တော်မသိပဲနေမလား။ သူကမျက်လုံးကိုမှိတ်လိုက်ပြီး ကျွန်တော့်ကို လျစ်လျူရှုလိုက်တယ်။

ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရပြီ/ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရြWhere stories live. Discover now