youth{3}

901 141 49
                                    

မနက်စောစော မွှေးပျံ့ပျံ့ရနံ့လေးက နှာခေါင်းထိပ်မှာ ကလူကျီစယ်နေတာက Jung Hoseokမထမချင်းနှိုးနေမည့်ပုံမျိုးပင်...။ခေါင်းအုံးနဲ့ခေါင်းကို မခွာမိသေးပဲ မျက်စိမှိတ်လျက်သားကနေ အသက်ပြင်းပြင်းရှူလို့ အနံ့ခံကြည့်မိသေးသည်...။သင်းပျံ့ပျံ့ရနံ့က တကယ်ကို အရသာရှိတဲ့ အစားအသောက်တစ်ခုမှန်းသိသာစွာပဲ ကြိုင်ကြိုင်လှိုင်လှိုင်ပင်...။

" အနံ့လေးက ကောင်းလိုက်တာ "

မျက်စိမှိတ်လျက်သားနဲ့ပင် Hoseokပါးစပ်ကထုတ်ပြောမိသည်...။ဒီအနံ့လေးက အိမ်မက်လား လက်တွေ့လားတောင် သူမခွဲခြားနိုင်အောင် အိပ်ငိုက်နေဆဲ...။

" Hobi hyung..ထတော့လေ! "

မွှေးပျံ့ပျံ့အနံလေးပျောက်သွား၍ Hoseokနားထဲဝင်လာတာက သူ့ကိုခေါ်နေတဲ့အသံမျိုး...။စူးစွာစွာနဲ့ဒီအသံကို Hoseokသိပ်ကို ရင်းနှီးနေသည်...။မှိတ်ကျနေဆဲ မျက်လုံးတွေကို အတင်းဖွင့်ကြည့်လိုက်တော့ တံခါးပေါက်ဝမှာ မတ်တပ်ရပ်နေတဲ့ ကလေးလူမိုက်ကောင်!!ဒီကောင်က ငါ့အိမ်ထဲဘယ်လိုရောက်လာတာလဲ?

" မင်းကငါ့အိမ်ထဲ ဘယ်လိုဝင်လာတာလဲကွ!! "

" အ!! "

အတွေးထပ်ပိုမြန်တဲ့ ခန္ဓာကြောင့် ဟိုဆော့အနီးအနားမှာရှိတဲ့ နာရီနဲ့ ကောက်ပေါက်ပစ်လိုက်မိတယ်...။မထင်မှတ်ထားတဲ့ Jungkookလည်း ရှောင်ချိန်မရပဲ ခေါင်းတည့်တည့်ကို ထိမှန်လာခြင်း...။အချစ်က ပေးတဲ့ ဒါဏ်ရာပါလား...

" မဟုတ်ဘူးလေ...ဟိုးးဟိုးး ခဏ "

စကားပြောခွင့်ကိုမပေးပဲ တွေ့ကရာနဲ့ကောက်ပေါက်နေတာကြောင့် Jungkookမှာ ဟိုရှောင်ရဒီရှောင်ရနဲ့ လက်ထဲမှာလည်း ဖမ်းမိထားတဲ့ ပစ္စည်းအတိုအစတစ်ပုံနဲ့ပင်....။

" HOBI HYUNG!!!ခဏနေပါအုံးဆို!!! "

ညင်သာစွာအော်နေရင် မရပ်နိုင်တာမို့ Jungkookအကျယ်နိုင်ဆုံးအော်လိုက်ခြင်း...။Jungkookရဲ့အောင်မြင်တဲ့အသံပါဝါအောက် ကျဆုံးသွားတဲ့ Hoseok hyungက ပစ်ဖို့ရွယ်ထားတဲ့ ခေါင်းအုံးကိုပိုက်လို့ ငြိမ်ကျသွားတယ်...။

" မင်းဘယ်လိုဝင်လာတာလဲ "

မကျေမနပ်လေသံနဲ့ မပွင့်တပွင့်မေးမေသူဟာ ခုဏကသူ့ကို ပစ္စည်းမျိုးစုံနဲ့ ကောက်ပေါက်ထားသူဖြစ်တယ်...။

YOUTH (Complete✅)Where stories live. Discover now