youth{5}

823 127 50
                                    

" လာပါကွာ JeonJungkookရာ..ငါတို့ ဘက်စကတ်ဘောအသင်းထဲဝင်ပေးပါလို့... "

ရှေ့မှာထိုင်ရှိခိုးမတက်တောင်းပန်နေတဲ့Jaewooကို ခုံပေါ်ခြေချိတ်ထိုင်နေတဲ့ JeonJungkookဟာ လုံးလုံးဂရုမစိုက်သလိုပဲ ဖတ်လက်စဖြစ်နေတဲ့ စာအုပ်လေးကိုသာ ဂရုစိုက်ဖတ်နေလိုက်တယ်...။စာအုပ်အဖုံးပေါ် ခပ်ဖြူဖြူစာတန်းကြီးကဘာတဲ့!!

°crushဆီမှအမြန်ဆုံး အချစ်ကိုရယူနည်း°

What the footတွေ...။Jeon Jungkookသာလိုချင်ရင် ကျောင်းကလူတွေအားလုံးကို ဟောတစ်ယောက် ဒီတစ်ယောက်ခေါင်းခေါက်ရွေးရုံကို ဘာပြုလို့ ဒီလိုစာအုပ်တွေဖတ်ပြီးအချိန်ကုန်ခံချင်နေတာလဲ...။

" Jungkook ah!!! "

" ငါဒီမှာစာလေ့လာနေတယ် မင်းမမြင်ဘူးလား "

ငိုသံဝဲကြီးနဲ့ပြောနေတဲ့Jaewooကို Jungkookကပိတ်ဟောက်ပစ်လိုက်တယ်...။ထိုအခါမှ သကောင့်သားက ပါးစပ်လေးကိုစိလို့ ခေါင်းလေးညိမ့်ပြနေသေးတယ်...။Jungkookကတော့ 'စိတ်ရှုပ်တယ်' ဆိုသည့်သဘောဖြင့် ခေါင်းကိုခပ်လေးလေးခါလို့ စာအုပ်ထဲအကြည့်တို့ပြန်ပို့ထားပြန်တယ်....။

Jaewooကတော့အခုထိ ကြမ်းပြင်ပေါ်မှာခြေပစ်လက်ပစ်ကိုထိုင်ချထားဆဲပင်...။JeonJungkookကအားကစားမှာလဲတော်သလိုခန္ဓာကိုယ်ပိုင်းမှာလဲပြောစရာမရှိ...။ခါတိုင်းနှစ်တွေလည်း အသင်းဝင်နေကြပေမယ့် ဒီနှစ်မှ ထူးဆန်းနေတာ တစ်ကျောင်းလုံးပင်သိသည်...။တစ်စွန်းတစ်စကြားမိတာတော့ စီနီယာတစ်ယောက်ကို သဘောကျနေတယ်ဆိုလားးး။

အချိန်တစ်ခုကြာတော့ Jaewooခေါင်းထဲအကြံတစ်ခုရလာသည်...။ဒါဟာ JeonJungkookကိုသိမ်းသွင်းနိုင်ဖို့အကောင်းဆုံးနည်းလမ်းလည်း ဖြစ်သွားနိုင်တာမို့ ကြိုးစားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်...။

" Jungkook "

" ဘာလဲ "

" မင်းမဝင်ဘူးဆိုတာသေချာလား "

"နှစ်ခါမပြောဘူး "

ခပ်ပြတ်ပြတ်ထွက်လာတဲ့Jungkookစကားကြောင့် Jaewooအပြုံးသေးသေးလေးတစ်ခုပေါ်လာတယ်...။ဒါဟာ လူရုပ်မာပြုံးလို့ပြောရင်ပိုမှန်မလား...။

YOUTH (Complete✅)Where stories live. Discover now