FIRST & LAST 1 (unicode)

11K 200 4
                                    

season1..
part 1

မေမေ မေမေ ထ ပါဦး ။ အပြင်မှာ ဘယ်သူတွေရှိကြလဲ..
. ရေချိုးခန်းထဲ တကိုယ်လုံးရေတွေစိုရွဲအေးစက်
နေပြီး လက်ကောက်ဝတ်မှာသွေးတွေစီးယိုနေခဲ့တာဟန်နာမြင်လိုက်ရတော့။
အမေ့ကို ခွင့်လွှတ်ပါ.ပြုံးလျက်နဲ့မျက်ရည်ကျနေခဲ့တယ်။
ဟင့်အင့် မေမေဘာမှမဖြစ်ရဘူး။ ခနလေးသီးခံထားပေးပါ။
ကျေးဇူးပြု၍...သမီးဖေဖေ့ဆီဖုန်းခေါ်မယ်
မလုပ်နဲ့သမီးလေး ဟန်နာရယ်..မလုပ်ပါနဲ့အမေ့ကိုခွင့်ပြုပါ။အမေ အရမ်းပင်ပန်းနေလို့ပါ။အတင်းတားနေပေမဲ့လည်းမရမကအဖေ့ဆီဖုန်းဆက်ခဲ့
တယ်။ဖေဖေ ရယ်phoeကိုင်ပါဦး...plz မျက်ရည်တွေစီးယိုကျနေခဲ့တာအဆက်မပြတ်ဆိုပေမဲ့ဘာလုပ်ရမှန်းလည်းမသိခဲ့။
သ်ို့သော်လည်းအမေမှာ
သမီးဖြစ်သူရဲ့ပေါင်ထက်ဝယ်..နောက်ဆုံးထွက်သက်ဖြစ်သွားခဲ့ရတယ်။ ဟာ မေမေ ဘာမှမဖြစ်ရဘူး..
မေမေပြောတော့သမီးကိုချစ်တယ်ဆို
ခုတော့ ဘာကြောင့်.......... မေမေရေထပါဦးအိပ်ပျော်သွားလို့မရဘူးလေ........မေမေရေ....မေမေ

ညသန်ခေါင်ယံထဲရုန်းကန်၍ လန့်နိုးလာခဲ့တာ
ချွေးတွေပြန်လို့ လွန်ခဲ့တဲ့ ၁၀နှစ်ခန့် အကြောင်းတွေနဲ့
ပုံရိပ်ထဲ စိုးမိုးဆဲ...အဲ့လိုအိပ်မက်က
လန့်နိုးလာတဲ့အချိန်တိုင်းရင်ဘတ်က အရမ်းနာကျင်ခဲ့တယ်။ဦးနှောက်လည်းမကြည်တဲ့အပြင်ကိုက်ခဲစေတယ်။အိပ်ရာဘေးက
အပုံနှစ်ခြမ်းမှာတခြမ်းတည်းရှိတဲ့
(မောင်လေးကိုချီထားတဲ့အမေနဲ့ဟန်နာ) တွဲရိုက်ထားတဲ့ပုံလေး...မေမေရယ်လွှမ်းလိုက်တာ။ မျက်ရည်တွေကျနေခဲ့တဲညသန်ခေါင်းယံအလယ် တယောက်တည်းတိုးတိတ်စွာဘဲ့
ဓာတ်ပုံလေးပိုက်လျက် ကွေးပြီး အတွေးတွေဖြတ်ကာ
မျက်ရည်များနဲ့မျက်လုံးတွေကိုပြန်လည်အားတင်းပြီးပြန်လည်မှေးစက်လိုက်တော့သည်

ဟန်နာ သမီးရေ..နိုးပြီလား အခန်းတံခါးဖွင့်ကာ ဝင်လာခဲ့တဲ့ အမေဘက်ကအမေ(အဘွားဖြစ်သူ)ဘွားရင်ရွှေ...သမီးရေ ဒီနေ့ အစည်းဝေးရှိတယ်မလား နောက်ကျနေမယ်
ထတော့။မောင်လေးရော သားဘုန်းထူးကတော့ဘောလုံးသွားကန်နေတယ်သူ့သူငယ်ချင်းတွေနဲ့။
(ဘုန်းထူးမှာဟန်နာ၏တဦးတည်သော
မောင်လေးဖြစ်၍၁၀နှစ်ကွာသည်) ဟုတ်ဘွားလေး ဟန်နာ နိုးပါပြီ ရေချိုးပြီးရင်ဆင်းလာခဲ့ပါ့မယ်။
ဘွားလေးရော breakfast စားပြီးပြီလား။
အင်း ဘုန်းထူးနဲ့စားပြီးပါပြီ။
ဒါဆို အဘွားအောက်မှာလုပ်စရာလေးရှိလို့ဆင်းဦးမယ်။
ဟုတ်ကဲ့
၈နာရီတောင်ထိုးနေပြီဘဲ့ ဟူးးးရုံးကို၉နာရီအမှီသွားရမှာ။
ဟန်နာမှာ အသက် ၂၄နှစ်အရွယ်မိန်းကလေးတဦးဖြစ်၍
Smartကျလှသည်။ခဲည်ိုရောင်ဆိုးထားတဲ့ဆံပင်က
ခါးနားမရောက်တရောက်ရှိပြီးbodyအမိုက်စားကိုလည်းပိုင်ထားသည်။အဖေကထိုင်းလူမျိုးဖြစ်ပြီး
အမေဖြစ်သူကမြန်မာလူမျိုးဖြစ်သောကြောင့် ကပြားဆိုလည်း မ မှားပေ။
ရုပ်ရည်အားဖြင့်အပြစ်အနာရှာကင်းလှသည်။
freeစတိုင်နဲ့နေထိုင်ရတာကြိုက်ပြီးလွတ်လပ်ခြင်းနဲ့
တိတ်ဆိတ်ခြင်းကိုမြတ်နိုး၏။
အသားရေအားဖြင့်ဖြူပြီးဝင်ဝါစိုပြေသည်။ထို့အပြင်မျက်ခုံးထူထူ နှာတံဖြောင့်ဖြောင့် နူတ်ခမ်းမထူမပါးလေးနဲ့နူတ်ခမ်းမွှေးရိတ်ရိတ်လေးပိုင်ဆိုင်ထားတဲ့သူမအဖို့
ရုံးမှာရှိတဲ့ ဝန်ထမ်းယောကျာ်းလေးတွေသာမက
မိန်းကလေးတွေပါအသဲခိုက်ရသည်။
အဖေဖြစ်သူရဲ့Bangkokကုမ္မဏီခွဲမှာ
မန်နေဂျာ ရာထူးနဲ့ဦးစီးနေရတဲ့သူမကိုအခြားသူအမြင်မှာအရာရာက ပြည့်စုံနေသည်ဟုထင်ရသော်လည်း.
.နောက်ကွယ်က ဒဏ်ရာ
အချို့ဘယ်သူသိနိုင်မှာလဲ....

FIRST & LASTWhere stories live. Discover now