FIRST & LAST 7(unicode)

1.5K 75 0
                                    

Season 1
Part (7)

သူမ ဆီမ အကြည့်စူး စူးတွေက ညီမဆီတဖြည်းဖြည်းနီးကပ်လာတယ်..  .. ဒီအချိန် ခံစားမိတာက ပတ်ဝန်းကျင်ရှိသေးတယ်ဆိုတာ မသိတော့ဘူး  ..မမ ရဲ့နူတ်ခမ်းပါးဆီက နူးညံတဲ့အထိတွေ့ တခု.  .သဲအပေါ်ကျရောက်လာတော့..  ..ဘာကြောင့်ရယ်မသ်ိ  မျက်လုံးတွေကတဖြည်းဖြည့်နဲ့ အလိုလို မှိတ်ကျသွားခဲ့ပြီး
...ရင်ဘတ်ကြီးတခုလုံးက လေဟာနယ်ကြီးထဲရောက်သွားသလိုဘဲ့့ အရက်နံ့ ငွေ့ငွေ့လေး နဲ့ နွေးထွေး တဲ့ နူတ်ခမ်းပါးက
ညီမရဲ့အောက်နူတ်ခမ်းကို.ငုံထားခဲ့တာ.. အချိန်အတော်ကြာ
ကြာပေါ့

မမ. ခန.  သဲ သဲ  သဲအသက်ရူ မလို့..
အော်   မင်း မောသွားလား.  .
.  . သူ့ ဆီ က တည်ငြိမ်လွန်းတဲ့စကားသံနဲ့. 
.စူးနက်နက်အကြည့်တွေ ရင်ဘတ်ထဲက အရာလေး
ကတဒိတ်ဒိတ်နဲ့အချက်ပေးနေတာ...သူမကြားလောက်တယ်။တချက်ပြုံးလိုက်ပြီး ဖက်ထားတာ ။ ညီမရဲ့ခံစားချက်တွေသိလောက်ပြီထင်တယ်..

လာ ဒီညအတူနေရအောင်
လက်ကိုဆွဲခေါ်သွားခဲ့တာအိပ်ရာထက်ကိုပေါ့.. ထိုင်လိုက်ပါကလေး။ တို့ မင်းကို ပြောစရာရှိတယ်..
မမ လည်းကုတင်ပေါ်မှာထိုင်လေ ဘာလို့ အောက်မှာ
ဒူးထောက်တာလဲ.သဲ ငရဲကြီးကုန်တော့မယ်..
ရူးး ရတယ် ကိစ္စမရှိဘူး..ငြိမ်ငြိမ်လေးနားထောင်..
ညီမရဲ့လက်ကလေးကိုကိုင်ထားတာမမက
တည်တည်ငြိမ်ငြိမ်လေး။
တို့မင်းကိုချစ်တယ် ကလေး.. မင်းက တို့ထက်အရမ်း
ငယ်သေးမှန်း သိပါတယ်။ဒါပေမဲ့ မင်းရဲ့ဘဝထဲ တို့ကို ဝင်ခွင့်ပေးပါလား..မင်းမရှိရင် တို့.. .အရမ်းအထီးကျန်မှာ. မင်းနဲ့မှပျော်စရာတွေခံစားတတ်လာတာမို့ တို့ဘေးကထွက်သွားမှာ
ကြောက်မိလာတယ်။ခုချိန်ဒါတွေမပြောသင့်မှန်း သိပေမဲ့ ချစ်တဲ့စိတ်က ထိန်းချုပ်မရဘူး..
သေချာတာက မင်းကိုပိုင်ဆိုင်ချင်စိတ်ဖြစ်ပေါ်လာတယ်..
မင်းရဲ့အပြုမူလေးတွေ ဘယ်တော့မှရိုးမသွားခဲ့ဘူး..ဘာကြောင့်ချစ်မိသွားလဲဆိုတော့အဖြေမတွေ့ဘူး။အရာရာတိုင်းမင်းရှိရင်အလိုလိုပြုံးပျော်စေခဲ့တယ်။အတ္တကြီးနေသလိုဖြစ်နေမလား။သေချာတာကမင်းကိုအရမ်းချစ်နေမိပြီ။
ရင်ထဲက စကားမို့လို့ လက်ခံပေးပါလား
မင်းရဲ့ချစ်သူတယောက် အဖြစ်ပေါ့...အရမ်းကြီးအချစ်
အကြောင်းတွေမသိပေမဲ့မင်းသင်ပေးလို့ နားလည်လာခဲ့ပြီ။
ဟန်နာတယောက် မျက်ရည်တွေဝဲပြီးသူချစ်တဲ့ကလေးငယ်ရှေ့ပြောနေခဲ့တာ

FIRST & LASTWhere stories live. Discover now